ဂျော့ချ် ဟာ ဥရောပကို ပညာတော်သင်လွှတ်ထားတဲ့ သမီးလေး အန်နီ အိမ်ပြန်လာတော့ "လက်ထပ်တော့မယ်" ဆိုတဲ့ သတင်းကြီးကို ကြားလိုက်ရတဲ့အတွက် ကမ္ဘာပျက်မတတ်ဖြစ်သွားခဲ့ပါတယ်။ သမက်လောင်း ဘရိုင်ယန်က ကွန်ပျူတာ ပါရမီရှင်တစ်ယောက် ဖြစ်ပေမဲ့၊ ဂျော့ချ်ကတော့ သူ့ကို "လူလိမ်" ဒါမှမဟုတ် "အလုပ်လက်မဲ့" ဖြစ်နိုင်တယ်ဆိုပြီး မယုံသင်္ကာမျက်လုံးတွေနဲ့အကဲခတ်ပါတော့တယ်။ သမီးဖြစ်သူရဲ့ မင်္ဂလာပွဲကို ဟာသတွေ၊ အလွဲတွေနဲ့ ပြင်ဆင်ရင်း ဖခင်တစ်ယောက်ရဲ့ ဝေဒနာကို ဘယ်လိုပုံဖော်သွားမလဲဆိုတာ အတူစောင့်ကြည့်လိုက်ရအောင်နော်