Love Insurance Kompany HD

Love Insurance Kompany

Comedy Romance Science Fiction HD 2026-04-10 5.5 157 Min

အချစ်ကို အာမခံထားလို့ရမလား နည်းပညာတွေလွှမ်းမိုးထားတဲ့ အနာဂတ်ကမ္ဘာမှာ အချစ်စစ်ကို ဘယ်လိုရှာမလဲ။အခုတလော နာမည်ကြီးနေတဲ့ လူငယ်မင်းသား Pradeep Ranganathan(Love Today မင်းသား) နဲ့ ချစ်စရာကောင်းတဲ့ Krithi Shetty တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Sci-Fi Romantic Comedy ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။၂၀၄၀ခုနှစ်မှာလူတွေက ကိုယ့်ရဲ့လက်တွဲဖော်ကို ကိုယ်တိုင်မရှာတော့ဘဲ LIK (Love Insurance Kompany) ဆိုတဲ့ နည်းပညာမြင့် App တစ်ခုကိုပဲ အားကိုးကြပါတယ်။ ဒီ App က ဘယ်သူနဲ့ဆိုအဆင်ပြေမယ်၊ ဘယ်အချိန်မှာ လမ်းခွဲရမလဲဆိုတာကအစ တွက်ချက်ပေးသလို၊ အချစ်ရေးမှာ စိတ်ဒဏ်ရာရရင်လည်း အာမခံ လျော်ကြေးပြန်ပေးတဲ့ စနစ်မျိုးပါ။ဒီကြားထဲမှာဖုန်းတောင်မသုံးတဲ့ ရှေးရိုးဆန်ဆန် အချစ်ကိုယုံကြည်တဲ့ လူငယ်လေး ဗာဆီတစ်ယောက် နည်းပညာကိုပဲ အရာရာလို့ထင်နေတဲ့ ဒီးမာဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့မိတဲ့အခါ... နည်းပညာကအချစ်ကို တကယ်ပဲ အာမခံနိုင်မလား။ အချစ်စစ်ဆိုတာ Algorithm တွေနဲ့ တိုင်းတာလို့ ရနိုင်ပါ့မလား ဆိုတာကို ရယ်မောပျော်ရွှင်စရာတွေ ရင်ခုန်စရာတွေနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။