Love Mocktail 3 ဇာတ်ကားဟာ Darling Krishna နဲ့ Milana Nagaraj တို့သရုပ်ဆောင်ထားတဲ့ နာမည်ကြီး Kannada အချစ်ဇာတ်လမ်းရဲ့အဆက်ပဲဖြစ်ပါတယ်။အရင် Love Mocktail 1/တွေကလိုမျိုး ရိုမန်တစ်အချစ်ဇာတ်လမ်းထက် "ဖခင်မေတ္တာ" ကို ပိုပြီး အသားပေးထားပါတယ်။အာဒီဟာ သူကိုယ်တိုင်မွေးစားထားတဲ့ သမီးလေး နီဒီ ရဲ့ အနစ်နာခံတဲ့ ဖခင်တစ်ဦးအဖြစ် ဘဝရဲ့အခန်းကဏ္ဍသစ်တစ်ခုကို လျှောက်လှမ်းနေပါတယ်။ သူ့ရဲ့ကမ္ဘာလေးဟာ တည်ငြိမ်အေးချမ်းနေပြီလို့ ထင်ရပေမဲ့ နီဒီ ရဲ့ အရင်းအချာ အဖွားဖြစ်တယ်လို့ ဆိုလာတဲ့ အမျိုးသမီးတစ်ယောက်ပေါ်လာတဲ့အခါမှာတော့ ပျော်ရွှင်စရာကောင်းလှတဲ့ အာဒီတို့သားအဖရဲ့ကမ္ဘာငယ်လေးကို ဘယ်လိုတွေလှုပ်ခတ်သွားမလဲဆိုတာကို ခံစားမှုရသမျိုးစုံနဲ့ရှုစားရမှာပဲဖြစ်ပါတယ်။