Heresy HD

Heresy

Drama Horror Mystery HD 2024-01-25 6.1 61 Min

၁၉ ရာစု၊ နယ်သာလန်ကျေးလက်ဒေသရဲ့ ခေါင်ဖျားတဲ့ ရွာလေးတစ်ရွာ၊ အဲ့ဒီရွာမှာ ဖရီဒါဆိုတဲ့ မိန်းမငယ်တစ်ယောက်နေပါတယ်။ ဘာသာရေးအယူသီးပြီး အလွန်အမင်းရှေးရိုးစွဲတဲ့အသိုင်းအဝိုင်းကြားမှာ ဖရီဒါဟာ သားသမီးမရနိုင်တဲ့ အမြုံမအဖြစ် လူတောမတိုးနိုင်အောင် နှိမ်ချ ခံနေပါတယ်။ ရွာအနားမှာတော့ ဘယ်သူမှခြေမချရဲပဲ နတ်ဆိုးတွေ ကြီးစိုးတယ်လို့ယုံကြည်ကြတဲ့ တားမြစ်တောအုပ်ကြီးတစ်ခုရှိပြီး အဲ့ဒီတောအုပ်ထဲမှာ အဖြူရောင်ဝိဉာဉ်မ စိုးစံတယ်လို့အယူရှိကြပါတယ်။ဖိနှိပ်မှုနဲ့အရှက်တရားတွေကြားမှာ တောင့်မခံနိုင်တော့တဲ့ ဖရီဒါတစ်ယောက် ဘုရားသခင်ဆီက မရနိုင်တဲ့ အကူအညီကို အဲ့ဒီတောအုပ်ထဲက ဝိဉာဉ်တွေဆီမှာသွားပြီးတောင်းခံဖို့ကြိုးစားမိချိန်မှာတော့..။အသံဗလံတွေ၊ ဝုန်းဒိုင်းကြဲခြောက်လှန့်တဲ့ Jumpscare တွေထက်တစ်ကားလုံး မြူတွေဖုံးနေတဲ့ တောအုပ်ကြီးရဲ့အေးစက်တဲ့ဆန်းကြယ်မှုနဲ့ ကျောချမ်းလာအောင်ဖန်တီးထားပါတယ်။အလင်းအမှောင်နဲ့cgi တွေသုံးထားတာတွေလည်း အတော်လှပြီး အပြောထက်အပြကိုဦးစားပေးတဲ့ ဇာတ်ကားပါ။ ဖရီဒါရခဲ့တဲ့ ဆုတောင်းက တကယ်ပဲ ကောင်းချီးလားဒါမှမဟုတ်ကျိန်စာလားဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါ။