L.A. က ဘုရားကျောင်းဟောင်းတစ်ခုရဲ့ မြေအောက်ခန်းထဲမှာနှစ်ထောင်ပေါင်းများစွာလျှို့ဝှက်သိမ်းဆည်းထားတဲ့အစိမ်းရောင်အရည်တွေပါတဲ့ စည်ပိုင်းကြီးတစ်ခုကိုဖာသာတစ်ယောက်ကရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါတွေဟာ ရိုးရိုးအရည်မဟုတ်ပဲ စာတန်ရဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုလို့ယူဆမိတဲ့အတွက်ရူပဗေဒသိပ္ပံပညာရှင်နဲ့သူ့ရဲ့ကျောင်းသားတွေကိုလာရောက်စူးစမ်းဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့စူးစမ်းလေ့လာနေချိန်မှာပဲ အဲ့ဒီအရည်တွေက အသိစိတ်ရှိနေပြီး ကျောင်းသားတွေတစ်ယောက်ပြီး တစ်ယောက်ကို ကူးစက်ပြီးတော့မကောင်းဆိုးဝါးတွေအဖြစ်ပြောင်းလဲပစ်ပါတော့တယ်။သိပ္ပံနည်းကျ တွက်ချက်မှုတွေအရ ဒါဟာ အာကာသထဲက Anti-God (ဘုရားသခင်နဲ့ ဆန့်ကျင်ဘက် အင်အားစု)တစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ကမ္ဘာထဲကိုဝင်ရောက်ဖို့ကြိုးစားနေတာကိုတွေ့ရှိလိုက်ရချိန်မှာတော့..။ဒီကားဟာ ဟော်ရာဆရာကြီးတစ်ဆူဖြစ်တဲ့ John Carpenter ရဲ့ "Apocalypse Trilogy" ထဲက ဒုတိယမြောက်ကားဖြစ်ပါတယ်။ ပထမကား The Thing နဲ့ တတိယကား In the Mouth ofMadness ကတော့ တင်ဆက်ထားပြီးဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာ ဝေဖန်ရေးဆရာတွေက ဇာတ်လမ်းကိုရှုပ်ထွေးလွန်းတယ်လို့မြင်ကြပြီး သိပ္ပံနည်းကျရှင်းပြချက်တွေဟာလည်းနားလည်ရခက်တယ်လို့ယူဆကြပါတယ်။ အခုချိန်မှာတော့ ဒီဇာတ်ကားရဲ့"Cosmic Horror"တင်ပြပုံ၊Quantum Physics တွေကို ဘာသာရေးအမှောင်ခြမ်းနဲ့ရောစပ်တင်ပြပုံတွေကိုအထူးတလည်ချီးကျူးလက်ခံလာကြပြီး "CultClassic"တစ်ကားဖြစ်လာခဲ့ပါပြီ။