Faces of Death FHD

Faces of Death

Horror FHD 2026-04-10 6.8 98 Min

ဇာတ်လမ်းထဲမှာ မားဂေါ့ (Margot) ဆိုတဲ့ မိန်းကလေးဟာ Kino လို့ခေါ်တဲ့ TikTok လိုမျိုး ဗီဒီယိုပလက်ဖောင်းတစ်ခုမှာ Content Moderator အဖြစ် အလုပ်လုပ်ပါတယ်။ သူ့အလုပ်ကတော့ အသုံးပြုသူတွေ တင်သမျှ ဗီဒီယိုတွေကို စစ်ဆေးပြီး အကြမ်းဖက်တာတွေ၊ မသင့်တော်တာတွေပါရင် ဖြုတ်ချရတာပေါ့။တစ်ရက်မှာတော့ မားဂေါ့ဟာ ၁၉၇၈ ခုနှစ်က ထွက်ခဲ့တဲ့ "Faces of Death" ထဲက သေဆုံးခန်းတွေကို တစ်ပုံစံတည်း ပြန်တုပပြီး သတ်ပြထားတဲ့ ဗီဒီယိုတွေကို စတွေ့ပါတော့တယ်။ အဲဒီဗီဒီယိုတွေက တကယ်ပဲ သတ်နေတာလား၊ ဒါမှမဟုတ် ဟန်ဆောင်ရိုက်ထားတာလားဆိုတာ မဝေခွဲနိုင်အောင် ဖြစ်နေတုန်းမှာပဲ ဒီသတ်ဖြတ်မှုတွေဟာ သူ့အလုပ်ခွင်နဲ့ သူ့ပတ်ဝန်းကျင်အထိပါ ရိုက်ခတ်လာတဲ့အခါမှာတော့...။Barbie Ferreira (Euphoria မင်းသမီး) က မားဂေါ့အဖြစ် သရုပ်ဆောင်ထားပြီး Dacre Montgomery (Stranger Things က Billy) ကလည်း အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းက အခုခေတ် ဆိုရှယ်မီဒီယာတွေပေါ်မှာ လူတွေက အာရုံစိုက်ခံရဖို့ ဘယ်လောက်အထိ လုပ်ရဲသလဲဆိုတဲ့ Attention Economy အကြောင်းကို သရော်ထားပါတယ်။Gore (သွေးသံရဲရဲ) ဇာတ်ဝင်ခန်းတွေ တော်တော်များတဲ့အတွက် သွေးမြင်ရင် ကြောက်တတ်တဲ့သူတွေတော့ သတိထားကြည့်ရမယ့် ကားမျိုးပါ။ဒီကားက အရင် "Faces of Death" ကို ကြည့်ဖူးတဲ့သူတွေအတွက်လည်း အမှတ်တရဖြစ်စေမယ့် scene လေးတွေ ပါသလို၊ အခုခေတ် Horror ကားအသစ်တွေကို ကြိုက်တဲ့သူတွေအတွက်လည်း စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားပါတယ်။ အင်တာနက်ပေါ်က အတုအယောင်တွေကြားမှာ ဘယ်ဟာက အစစ်လဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားကောင်းတစ်ကားပါပဲ။