The Punisher: One Last Kill HD

The Punisher: One Last Kill

Action Crime Drama HD 2026-05-12 7.667 51 Min

Frank Castle ကြီးဟာ သူ့မိသားစုအတွက် ကလဲ့စားချေပြီးသွားတဲ့နောက်ပိုင်း သွေးထွက်သံယိုကိစ္စတွေနဲ့ ဝေးဝေးနေဖို့ ကြိုးစားရင်း ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ လုပ်နေတဲ့အချိန်ကနေ စထားတယ်။ ဒါပေမဲ့ ခပ်ဆိုးဆိုး ဂိုဏ်းစတားခေါင်းဆောင် Ma Gnucci က သူ့ကို လာရန်စပြီး လူမိုက်တွေလွှတ် လုပ်ကြံခိုင်းတဲ့အခါမှာတော့ ငြိမ်နေတဲ့ကျား အမြီးအဆွဲခံလိုက်ရသလို ဖြစ်သွားပါတော့တယ်။မင်းသားကြီး Jon Bernthal ကပဲ Frank Castle နေရာကနေ ပြန်ပါလာပြီး အရင်ကထက်ကို ပိုပြီး ကြမ်းရမ်းပြထားပါတယ်။ ဇာတ်လမ်းရဲ့ အသက်ကတော့ အက်ရှင်ခန်းတွေပါပဲ။ တိုက်ခိုက်ခန်းတွေက John Wick ကို အဆပေါင်းများစွာ မြှောက်ထားသလိုပဲ သွေးထွက်သံယို အလွန်များပြီး R-rating ပီပီ အရမ်းကို ကြမ်းပါတယ်။အချိန်တိုတဲ့အတွက် ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို အရမ်းကြီး အသေးစိတ် မဆွဲဆန့်ထားဘဲ အက်ရှင်နဲ့ လိုရင်းကိုပဲ သွားထားတာမို့ အီသွားတာမျိုး၊ ပျင်းသွားတာမျိုး လုံးဝမရှိပါဘူး။ အကြမ်းစား တိုက်ခိုက်ခန်းတွေနဲ့ Frank Castle ကြီးရဲ့ အငွေ့အသက်တွေကို လွမ်းနေတဲ့ ပရိသတ်တွေအတွက်တော့ အပန်းဖြေရင်း အမုန်းကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။