Pokkhirajer Dim FHD

Pokkhirajer Dim

Drama Fantasy Adventure Science Fiction FHD 2025-06-13 8.3 131 Min

သိပ္ပံစိတ်ကူးယဉ်  နဲ့ စွန့်စားခန်း  ဇာတ်ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ Movie Fans တွေအတွက် Pokkhirajer Dim ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်။သင်္ချာညံ့တဲ့ ကျောင်းသားလေး ဂိုတွန်ဟာ သင်္ချာထူးချွန်ချင်လွန်းလို့ ထူးဆန်းတဲ့ သိပ္ပံပညာရှင်ကြီး ဘာတာဗျယ်လ် ဆီမှာ တပည့်ခံဖို့ ကြိုးစားပါတယ်။တစ်နေ့မှာတော့ ဂိုတွန် တစ်ယောက် ဘုရားကျောင်းဟောင်းတစ်ခုထဲကနေ "Pokkhirajer Dim" လို့ခေါ်တဲ့ လူတွေရဲ့ စိတ်ကိုဖတ်နိုင်စွမ်းရှိတဲ့ ထူးဆန်းတဲ့ကျောက်တုံးတစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆရာကြီးဘာတာဗျယ်လ်က ကျောက်တုံးမှာထူးခြားတဲ့စကြာ၀ဠာပြင်ပက စွမ်းအားတွေပါ၀င်နေတယ်လို့ ယူဆပြီး ကျောက်တုံးရဲ့စွမ်းရည်ကိုသတိပြုမိသွားတာကြောင့် ဂိုတွန်ကိုတပည့်အဖြစ်လက်ခံလိုက်ပါတယ်။ ဒါပေမဲ့အဲဒီကျောက်တုံးရဲ့စွမ်းအားတွေကြောင့် ဂြိုဟ်သားယာဉ်ပျံ‌တွေ ရှေးဟောင်းပစ္စည်းရှာဖွေသူတွေပါ ပါ၀င်လာတဲ့အခါမှာတော့ ဂိုတွန် ရဲ့ ဘဝဟာ ဘယ်လိုမျိုးစွန့်စားခန်းတွေဖွင့်ပြီးဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။