Soohe Ve Cheere Waleya HD

Soohe Ve Cheere Waleya

Drama Romance HD 2025-10-10 8.3 137 Min

၁၉၉၀ ပြည့်လွန်နှစ်များဆီက အိန္ဒိယ-ပါကစ္စတန် နယ်စပ်ဒေသမှာဖုန်းဆိုင်ပိုင်ရှင် ပညာတတ်လူငယ်လေး တစ်ယောက်ဟာ လာဟိုးရေဒီယိုက ထုတ်လွှင့်တဲ့ ကဗျာသံလေးတွေကို ကြားပြီး ရင်ခုန်မိရာကနေ ဒီဇာတ်လမ်းလေး စတင်ခဲ့ပါတယ်။​အဲဒီကဗျာတွေကို ရေးသားသူကတော့ ပါကစ္စတန်နိုင်ငံက စကားမပြောနိုင်တဲ့ ကဗျာဆရာမလေး ပဲ ဖြစ်ပါတယ်။ သူဟာ စကားမပြောနိုင်ပေမယ့် သူ့ရဲ့ ခံစားချက်တွေကို ကဗျာစာသားတွေအဖြစ် ပြောင်းလဲပြီး တစ်လောကလုံးသိအောင် ဖော်ပြခဲ့သူပါ။မတော်တဆ ရရှိလာတဲ့ စစ်တပ်သုံး ကြိုးမဲ့ဆက်သွယ်ရေးစက် တစ်လုံးက သူတို့နှစ်ဦးရဲ့ကမ္ဘာလေးတွေကို ဆက်သွယ်ပေးခဲ့ပြီးအချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတဲ့အခါမှာတော့ နယ်စပ်တွေကို ဖြတ်ကျော်ပြီး သူတို့နှစ်ဦးရဲ့အချစ်က ဆုံစည်းခွင့်ရပါ့မလားဆိုတာ.....။​