Demon Catcher 2 FHD

Demon Catcher 2

Action FHD 2022-12-14 2 104 Min

တရုတ်ပြည်သူ့ သမ္မတနိုင်ငံအချိန်ကာလမှာ ထူးဆန်းတဲ့ မျိုးနွယ်ကနေပြီးတော့ မွေးဖွားလာခဲ့တဲ့ သူရဲကောင်းဆရာကြီးကွမ်း ဆိုတဲ့သူတစ်ယောက်ရှိခဲ့ပါတယ် သူဟာ ရက်စက်ယုတ်မာလှတဲ့ အပြစ်လုပ်သူတွေကို ရွံရှာမုန်းတီးနေသူတစ်ဦးပါ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၁၇ နှစ်အချိန် စစ်ပွဲတွေကလဲ မရပ်မနားတမ်းဖြစ်ပေါ်နေပြီးတော့ ပြည်သူတွေအများစုကလဲ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါတယ် အဲဒီအချိန်မှာ ဆရာကွမ်းရဲ့ တပည့်ဖြစ်သူ ယဲ့ဖေးဟာ ခေါင်းတလားဆိုင်ဖွင့်ထားပြီး ဒုက္ခသည်စခန်းက ပြည်သူ့အလောင်းတွေကို ကောက်ပေး သိမ်းပေးတဲ့ အလုပ်ကိုလဲ လုပ်ပေးပါသေးတယ် ဒါပေမဲ့လို့ ကံကြမ္မာကသူ့ကို မျက်နှာသာမပေးခဲ့ပါဘူး တစ်နေ့မှာတော့ သူရောင်းတဲ့ ခေါင်းတလားအတွင်းမှာ လူသေအလောင်းတွေ့တာကြောင့် လူသတ်ပြီး အလောင်းဖျောက်မှုနဲ့ အဖမ်းခံလိုက်ရပါတော့တယ် အဲဒီအချိန်ကနေစပြီး တပည့်ဖြစ်သူရဲ့ လုပ်ကြံခံရမှု အမှန်တရားကို ရှာဖွေဖို့အတွက် ဆရာကြီးကွမ်းဟာ အစွမ်းကုန်ကြိုးစားလာခဲ့တဲ့ အချိန်မှာတော့ …