Fate HD

Fate

Action Crime Thriller HD 2008-03-20 5.7 123 Min

ငယ်စဥ်တည်းက ရင်းနှီးလာကြတဲ့ သူငယ်ချင်း ၄ ယောက်ရဲ့ ကံကြမ္မာအပြောင်းအလဲနဲ့ သစ္စာဖောက်မှုအကြောင်းကို ရိုက်ကူးထားတာပါ။ အူမင် (Song Seung Heon) နဲ့ သူ့သူငယ်ချင်းတွေက ဂိုဏ်းစတားလောကမှာ ကျင်လည်နေကြသူတွေဖြစ်ပြီး တစ်နေ့မှာတော့ သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ဆီကနေ ပိုက်ဆံတွေ ခိုးယူပြီး ဒီလောကကနေ အပြီးအပိုင် ထွက်ခွာဖို့ ကြံစည်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူငယ်ချင်း ၄ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ချောဂျွန်း (Kwon Sang Woo) ရဲ့ လောဘကြောင့် အစီအစဥ်က ပျက်စီးသွားခဲ့ပြီး အူမင်လည်း ထောင်ကျသွားခဲ့ပါတယ်။ အူမင် ထောင်ကပြန်ထွက်လာတဲ့အခါ အရင်ကတတွဲတွဲဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေက ရန်သူတွေဖြစ်ကုန်ပြီး နာကျင်စရာကောင်းတဲ့ ကလဲ့စားချေမှုတွေ ကံကြမ္မာရဲ့ ရက်စက်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့ .. Action thriller ကား ကြိုက်နှစ်သက်သူတွေအဖို့ ဒီကားလေးက လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။