အသက် (၂၉) နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလိပ်စာကထိက Hwang Dae-woo ဟာ လူမှုဆက်ဆံရေးမှာ အလွန်အေးဆေးပြီး မိန်းကလေးများနှင့်ပတ်သက်လျှင် အတွေ့အကြုံမရှိသည့် လူပျိုကြီးတစ်ဦးပါ။တစ်နေ့ သူ နေတဲ့ တိုက်ခန်းကို Lee Mi-na ဆိုတဲ့ ဆွဲဆောင်မှုရှိတဲ့ အနုပညာကျောင်းသူလေးတစ်ယောက် ပြောင်းရွှေ့လာတဲ့အခါ Dae-woo တစ်ယောက် ပထမဆုံးအကြိမ်အဖြစ်အချစ်နယ်ပယ်ထဲကို အရှိန်အဟုန်ဖြင့် ကျွံဝင်သွားပါတော့တယ်။အရာအားလုံးက အိပ်မက်တစ်ခုလို သာယာဖြောင့်ဖြူးနေတယ်ဟု ထင်ရသော်လည်း သူ့ချစ်သူကောင်မလေး Mi-na ရဲ့ နောက်ကွယ်မှာ ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်များရှိနေပါတယ်။ Mi-naက တကယ်ပဲ အပြစ်ကင်းစင်တဲ့ ကျောင်းသူလေးလား....Dae-woo ရဲ့ ပထမဆုံးအချစ်က နတ်သမီးပုံပြင်လေးလို ဖြစ်မလာဘဲ ကြောက်စရာကောင်းပြီး ရယ်စရာကောင်းတဲ့ လှည့်ကွက်တွေနဲ့ ဘယ်လိုရှေ့ဆက်မလဲဆိုတာကို My Scary Girl ဇာတ်ကားမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုကြပါစို့နော်