Shadyantra FHD

Shadyantra

Drama Thriller FHD 2022-12-18 10 89 Min

နာတာရှာဟာ မာဟိုတရာဆောက်လုပ်ရေးလုပ်ငန်းရဲ့ ဆက်ခံသူပိုင်ရှင်ဖြစ်ပေမယ့် လုပ်ငန်းပိုင်းမှာ သိပ်ပြီးတော့ ဝင်မပါဘဲ ခင်ပွန်းဖြစ်သူရိုဟန်တစ်ယောက်တည်းကပဲ ခြယ်လှယ်ပြီးလုပ်ကိုင်နေတာဖြစ်ပါတယ် ဒါကိုနာတာရှာရဲ့မောင်ဖြစ်တဲ့ ရှာရှန့်ကသေချာသိထားပါတယ် ရိုဟန့်ရဲ့မကောင်းတဲ့အကျင့်စာရိုက်ကိုသိနေတဲ့ ရှာရှန့်ကအစ်မဖြစ်သူကို အမြဲတမ်းသတိပေးပေမယ့် ခင်ပွန်းဖြစ်သူကိုမျက်စိမှိတ်ယုံကြည်နေတဲ့ နာတာရှာကတော့ နားမထောင်ခဲ့ပါဘူး ဒီလိုနဲ့မောင်ဖြစ်သူရှာရှန့်လည်း ရိုဟန့်ရဲ့လက်ချက်နဲ့ သေဆုံးသွားပါတော့တယ် တစ်ယောက်တည်းကျန်ခဲ့တဲ့နာတာရှာတစ်ယောက် ကောက်ကျစ်တဲ့သူ့ယောက်ျားရဲ့လုပ်ရပ်တွေကို အဆုံးမှာတွေ့မြင်သွားနိုင်ပါ့မလား သူ့ယောက်ျားကြောင့် အန္တရာယ်ကျရောက်နေတဲ့ မာဟိုတရာလုပ်ငန်းစုကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်