Harmony FHD

Harmony

Drama Music FHD 2010-01-28 7.6 115 Min

ဟုန်းဂျောင်ဟယ် ( Kim Yun jin )က အိမ်တွင်းအကြမ်းဖက်သူ ခင်ပွန်းသည်ကို မတော်တဆသတ်မိပြီး ကိုယ်ဝန်ဆောင်မိခင်ဘဝနဲ့ပဲ ထောင်ကျသွားခဲ့ပါတယ်...အကျဥ်းထောင်ဥပဒေအရ ထောင်ထဲမှာမွေးဖွားခဲ့တဲ့ကလေးဟာ အသက်  ၁၈ လအထိပဲ မိခင်နဲ့အတူထောင်ထဲမှာ နေခွင့်ရှိပါတယ်....၁၈ လ ပြည့်ရင် သားဖြစ်သူ မင်အူနဲ့ခွဲရမဲ့ ဂျောင်ဟယ်ဟာ  မခွဲရခင်မှာ မင်အူနဲ့အတူတူ အပြင်ဘက်ကို တစ်ရက်လောက် ထွက်လည်ခွင့်ရဖို့အတွက် ထောင်ထဲမှာ သံစုံကျူးအဖွဲ့ကိုတည်ထောင်ဖို့ တာဝန်ယူလိုက်ရပါတယ်...စိတ်ဒဏ်ရာမျိုးစုံ နောက်ကြောင်းအထွေအထွေရှိကြတဲ့ အကျဥ်းသားတွေအချင်းချင်း ဘယ်လိုမျိုးကူညီဖေးမရင်း အခက်အခဲတွေကြားကနေ သံစုံကျူးအဖွဲ့ကို တည်ထောင်သွားကြမှာလဲ...ဒီရုပ်ရှင်လေးထဲမှာတော့ နှလုံးသားကို နွေးထွေးသွားစေမဲ့ သီချင်းလေးတွေနဲ့အတူ ရယ်မောတစ်လှည့် မျက်ရည်ဝဲရမယ့်တစ်လှည့်နဲ့ ရသမျိုးစုံကို ပေးစွမ်းသွားမှာမို့လို့ခံစားကြည့်ရှုလိုက်ရအောင်နော် ...