The Beasts FHD

The Beasts

Thriller FHD 2022-07-20 7.6 137 Min

အန်တွမ်နဲ့ ဇနီးဖြစ်သူအော်ဂါတို့ဟာ ပြင်သစ်နိုင်ငံက​နေ စပိန်နိုင်ငံရှိ ​​တောင်​ပေါ်ရွာ​လေး တစ်ရွာမှာ စိုက်ပျိုး​မွေးမြူ​ရေးလုပ်ရင်း ​အေးရာ ​အေး​ကြောင်း​ နေထိုင်ဖို့ ရည်ရွယ်ထားကြသူ​​​တွေပါ။ ဒါ​ပေမဲ့ သူတို့ရဲ့ အိပ်မက်က ထင်သ​လောက်​မချော​မွေ့ဘဲ ရွာခံလူထုရဲ့ မ​​နွေး​ထွေးတဲ့ ကြိုဆိုမှု​တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် အိမ်နီးချင်းဖြစ်တဲ့ ညီအစ်ကို၂​ယောက်နဲ့ မကြာခဏခိုက်ရန်ဖြစ်ခဲ့ရသလို အသက်ကိုပါ ခြိမ်း​ခြောက်တဲ့အထိ အမုန်းပွားမှု​တွေရှိ​နေတာပါ။ ဒီလိုနဲ့ တစ်​နေ့မှာ ခင်ပွန်းဖြစ်တဲ့ အန်တွမ် ရုတ်တရက်​ ပျောက်ဆုံးသွားပါ​တော့တယ်။ အော်ဂါက​တော့ သူ့ခင်ပွန်းအသတ်ခံရတာလို့ တထစ်ချယုံကြည်ရင်း ​ယောကျ်ားဖြစ်သူအ​လောင်းနဲ့ တရားခံ​တွေကိုရှာ​​ဖွေရာ သူထင်သလို အန်တွမ်က အသတ်ခံလိုက်ရတာလား၊ တရားခံ​ဘယ်သူဖြစ်​နေမလဲ၊ ဒီတိုင်း​ပဲပျောက်ဆုံးသွားတာလား စသဖြင့် ​မေးခွန်းများစွာနဲ့ကြည့်ရှုရမှာပါ။