The Sleeper FHD

The Sleeper

Action Drama Thriller FHD 2025-10-29 6.25 123 Min

တူရကီရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသား Çağatay Ulusoy နဲ့ မင်းသမီးချော Elçin Sangu တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Drama ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။စားပွဲဝိုင်း (The Table) လို့ခေါ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ အိပ်စက်သူ (The Sleeper)ဆိုသူ လက်ဖြောင့်လူသ_တ်သမား ဖာမန် ဟာ အမိန့်အတိုင်း လုပ်ကြံသ_တ်ဖြတ်မှုတွေကို အမှားအယွင်းမရှိနဲ့ လုပ်ဆောင်နေသူတစ်ဦးပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူသ_တ်ရမယ့်ပစ်မှတ်နဲ့ နီးစပ်သူ ဆာယေးနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ပါတယ်။လုပ်ကြံသ_တ်ဖြတ်သူနဲ့ ပစ်မှတ်ကြားက ပတ်သက်မှုရဲ့ ရေစက်ဟာ အချစ်အဖြစ် ပြောင်းလဲသွားတဲ့အခါ... ဖာမန် သူမကို သတ်မယ့်အစား အဖွဲ့အစည်းထဲကို ဆွဲသွင်းပြီး ကာကွယ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကပဲ သူတို့နှစ်ဦးလုံးကို အဖွဲ့အစည်းရဲ့ အန္တရာယ်ရှိတဲ့ ကစားပွဲတွေ၊ လိုက်လံလုပ်ကြံမှုတွေနဲ့ မပြတ်သားတဲ့ ကံကြမ္မာဆိုးတွေဆီကို တွန်းပို့လိုက်တဲ့အခါမှာတော့.....။