Mother Mary FHD

Mother Mary

Drama Fantasy Thriller Music FHD 2026-04-16 5.5 112 Min

မယ်တော် မာရီဟာ တစ်ကမ္ဘာလုံးနဲ့ချီပြီး ကျော်ကြားတဲ့ ဂီတအနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ လူမြင်ကွင်းကနေ ပုန်းအောင်းနေခဲ့တာ အချိန်အတော်ကြာပြီဖြစ်ပြီးတော့အခုလာမဲ့ ဖျော်ဖြေပွဲမှာမှ သူရေးစပ်ထားတဲ့သီချင်းအသစ်နဲ့အတူ နှစ်အတော်ကြာမှ လူလုံးထွက်ပြဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ သူမဟာ ဖျော်ဖြေပွဲကျင်းပတော့မဲ့ ရက်ပိုင်းအလိုမှာမှ သူမရဲ့ဒီဇိုင်နာတွေ စတိုင်လစ်တွေ စီစဉ်ပေးထားတဲ့ဝတ်စုံကို ဘယ်လိုမှ စိတ်တိုင်းမကျနေခဲ့ပါဘူး။ အကြာကြီး အနားယူနေခဲ့ပြီးမှပြန်ပေါ်လာတာကတစ်ကြောင်း၊ သူမရှိချိန်မှာ ပေါ်လာတဲ့ နောက်ထွက်အဆိုတော်တွေက ရေပန်းစားနေတာကတစ်ကြောင်းနဲ့ သူမဟာ တော်တော်လေး စိုးရိမ်နေခဲ့တဲ့အတွက် အရင်ကဇာတ်လမ်းဟောင်းတွေရှိခဲ့တဲ့ သူမကို နားလည်ပေးနိုင်ဆုံးဖြစ်တဲ့ အခင်ဆုံးသူငယ်ချင်းဟောင်း ဒီဇိုင်နာဖြစ်တဲ့ ဆမ်ဆီကို ပြန်သွားခဲ့ပါတယ်။ ဒီတော့ မာရီနဲ့ ဆမ်တို့ အကြားမှာ ဘယ်လိုဇာတ်လမ်းတွေရှိခဲ့တာလဲ၊ ဆမ်ကရော သူမ လိုချင်တဲ့ဝတ်စုံကို ချုပ်ပေးမှာလား၊ ဒီဇာတ်အိမ်လေးက ဘယ်ကိုဦးတည်သွားမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ရာ သီချင်းကောင်းလေးတွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။