ဒီ Ghost War ကားမှာတော့ ဂျက်ခ်က CIA က ထွက်ပြီး ရိုးရိုးရှင်းရှင်း သာမန်ဘဝလေးကို ဖြတ်သန်းနေတာပါ။ ဒါပေမဲ့ သူ့ရဲ့ ဆရာဟောင်းဖြစ်တဲ့ CIA ဒုတိယညွှန်ကြားရေးမှူး ဂျိမ်းစ်ဂရီယာ(James Greer) က ဒူဘိုင်းခရီးစဉ်မှာ အကူအညီတောင်းရာကနေ ဇာတ်လမ်းစတာပါပဲ။ရိုးရိုးလေး သွားလုပ်ပေးရမယ့် ကိစ္စကနေ သူတို့နဲ့ ဆက်သွယ်ရမယ့်သူ အသတ်ခံလိုက်ရတဲ့အခါ ကိစ္စကကြီးသွားပါတယ်။ အဲဒီတော့ ဂျက်ခ်လည်း မတတ်သာဘဲ သူလျှိုလောကထဲ ပြန်ဝင်ရတော့တာပေါ့။ အရင်က လုပ်ဖော်ကိုင်ဖက်ဟောင်း မိုက်ခ်နိုဝင်ဘာ (Mike November) ရယ်၊ အခုကားမှာအသစ်ပါလာတဲ့ MI6 အေးဂျင့် အမ်မာမားလိုး (Sienna Miller) တို့နဲ့ ပူးပေါင်းပြီး ဥရောပနဲ့ အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက်ကွန်ရက်တွေ ပြန်အသက်သွင်းဖို့ ကြိုးစားနေတဲ့အဖွဲ့အစည်းတစ်ခုကို လိုက်လံတားဆီးရမယ့် ဇာတ်လမ်းပါ။ခဒီကားက ၁ နာရီ ၄၅ မိနစ် ကြာပါတယ်။ အရင်စီးရီးတွေတုန်းကလို အပိုင်းတွေ အများကြီး မဟုတ်တော့ဘဲ ရုပ်ရှင်တစ်ကားတည်းဆိုတော့ ဇာတ်အသွားအလာ တော်တော်လေး မြန်တယ်။ကားလိုက်တိုက်တဲ့ အခန်းတွေ၊ အဆောက်အအုံပေါ်က သေနတ်ပစ်ခန်းတွေ အများကြီးပါဝင်ပြီး အက်ရှင်ပိုင်းကို တော်တော်လေး ဦးစားပေးရိုက်ကူးထားတာ တွေ့ရတယ်။ ဂျက်ခ်ရိုင်ယန်ပရိသတ်တွေအတွက်တော့ ဂျွန်ခရာစင်စကီး၊ မိုက်ခ် နဲ့ ဂရီယာ တို့ သုံးယောက် အချိတ်အဆက်မိမိနဲ့ ပြန်လုပ်ကြတာကို ကြည့်ရတာ တန်ပါတယ်။ အရင်စီးရီးတွေကို ကြိုက်တဲ့သူဆိုရင်တော့ဒီကားကိုလည်း သဘောကျမှာ အသေအချာပါပဲဗျာ။