Death Cycle HD

Death Cycle

Horror Thriller HD 2026-03-10 4 0 Min

အက်ဘီဟာ အစ်မဖြစ်သူသေဆုံးသွားခဲ့တဲ့ ယာဉ်တိုက်မှုကနေ သီသီလေးလွတ်မြောက်ပြီးလက်ရှိအချိန်မှာ ကုထုံးတွေခံယူနေရဆဲ၊ နာလန်ထူဖို့ကြိုးစားဆဲ မိန်းမငယ်တစ်ယောက်ပါ။လက်ရှိအချိန်မှာတော့သူတို့နှစ်ယောက်ကို ကားနဲ့တိုက်ပြီးတဲ့နောက် တာဝန်မယူပဲသက်သေဖျောက်ဖို့ကြိုးစားခဲ့သလို၊ ငွေနဲ့ပေါက်ပြီးအမှုပိတ်အောင်လုပ်ခဲ့တဲ့ဆူလီဗန်မိသားစုဝင်တွေတစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက်အသတ်ခံနေရပါတယ်။အဲ့ဒီတော့ အက်ဘီကပဲ ဒီလူသတ်မှုတွေမှာ ပင်မသံသယရှိသူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ့ကိုလာစုံစမ်းတဲ့ သတင်းထောက်နဲ့ အက်ဘီထိုင်စကားပြောနေချိန်မှာလည်းမြို့ထဲမှာတော့ သားရေဂျာကင်ဝတ်ဆိုင်ကယ်စီးလူသတ်သမားတစ်ယောက်က လူတွေကို ရက်ရက်စက်စက်လိုက်သတ်နေဆဲပါပဲ။ဇာတ်လမ်းကို အီတလီစတိုင် စိတ္တဇလူသတ်ကား (Giallo) ပုံစံမျိုးပြထားပေမယ့် ရိုက်ချက်နဲ့ အထာတွေက John wick ပထမကားနဲ့အတော်ဆင်ပြီး မိုက်ပါတယ်။အထူးသဖြင့်ဆိုင်ကယ်ကိုလူသတ်လက်နက်အဖြစ်အသုံးချပြီးအသက်နူတ်တဲ့ ဇာတ်ဝင်ခန်းတွေမှာ တီထွင်ဆန်းသစ်မှုတွေကိုမြင်ရပါတယ်။ ပြသချိန်တိုလွန်းပြီး လိုရင်းရောက်ဖို့အမြန်သွားထားတာကြောင့် ပရိသတ်အနေနဲ့ဇာတ်ကောင်တွေနဲ့လိုက်ပါစီးမျောဖို့ခက်သွားတာတော့ ရှိပါတယ်။ ဒါပေမယ့်လည်းဇာတ်လမ်းဇာတ်ကွက်အနှစ်သာရထက် အမိုက်စားစတိုင်ကိုပဲ ဦးစားပေးထားတာမို့ သွေးထွက်သံယိုအက်ရှင်ခန်းတွေကိုသဘောကျတဲ့သူတွေအဖို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။