Itlu Maredumilli Prajaneekam FHD

Itlu Maredumilli Prajaneekam

Action Drama FHD 2022-11-25 8.3 122 Min

ရွာလေးက တောင်ပေါ်ဒေသဆိုတော့လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်း ကျောင်းမရှိ ဆေးရုံမရှိပေါ့။တစ်ခုခုဖြစ်လာရင် တောင်အောက်ကို ဆင်းနေရတာနဲ့ပဲ လူတွေမသေသင့်ပဲသေရပါတယ်။သူတို့ရွာက လမ်းကိုကောင်းကောင်းလေးဖောက်ပေးဖို့ တောင်းဆိုလာတာလည်းအနှစ်၃၀လောက်ရှိနေပါပြီ။ ဘယ်အရာရှိတွေ ဘယ်အစိုးရတွေကမှအရေးမလုပ်ခဲ့ပါဘူး။အဲ့လိုနဲ့ရွာသားတွေဟာ အစိုးရအရာရှိတွေဆိုရင် မုန်းတီးနေခဲ့ပါတယ်။ တစ်နေ့မှာနိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပဖို့ လုံးပန်းကျခဲ့အခါ မဲကလည်း တစ်ရာရာခိုင်နှုန်းရမှ ဖြစ်မယ်ဆိုပြီးအဲ့တောင်ပေါ်ရွာသားတွေဆီကို ကျောင်းဆရာနှစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်။အဲ့အချိန်မှာteluguဆရာလေးဟာ ရွာသားတွေကို မဲပေးဖို့စည်းရုံးရင်းကနေ ရွာသားတွေရဲ့ဘဝကို နားလည်လာခဲ့တယ် စာနာလာခဲ့တယ်။အဲ့တော့ ဆရာလေးက ရွာသားတွေနဲ့အတူ အကြံထုတ်ပြီးအစိုးရက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် တံတားတည်ဆောက်ခွင့်ပေးလာအောင်အမျိုးမျိူးကြံစည်ခဲ့ပါတယ်။ ‌တောင်ပေါ်ရွာသားတွေနဲ့ ဆရာလေးကပဲ သူတိူ့အလိုရှိတာကိုရသွားမလား။အင်အားကြီးမားတဲ့ အစိုးရကပဲ အရေးမလုပ်ပဲနေနိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုသွားရမှာပါ။