ယုတ်မာပြီး လောဘကြီးတဲ့ ကန်ထရိုက်တာတစ်ယောက်က Ellen Cole ဆိုတဲ့ အသက် ၈၀ အရွယ် အဖွားကြီးအိမ်ကို အတင်းဝယ်ဖို့ကြံစည်ခဲ့တယ်။ဒါပေမဲ့ Ellen က လုံးဝလက်မခံတော့ ကန်ထရိုက်တာက အဘွားကြီးရဲ့ အိမ်ကို အကြမ်းနည်းနဲ့ သိမ်းပိုက်ဖို့ ကြံပါတော့တယ်။ဒါပေမဲ့ သူတို့ အသက်ကြီးပြီဆိုပြီး လျှော့တွက်ထားတဲ့ အဘွားကြီးက တကယ်တော့ အတိတ်က ကျွမ်းကျင်လူသတ်သမားတစ်ယောက် ဖြစ်ခဲ့ပြီးတော့ သူချစ်ရတဲ့အိမ်ကို ကာကွယ်ဖို့ဘာမဆိုလုပ်မယ်ဆိုတာကို နောက်မှ ဘယ်လိုတွေသိလာရမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။