Hayagrriva FHD

Hayagrriva

Action FHD 2026-02-27 8.3 148 Min

မှုခင်းနဲ့ ဒဏ္ဍာရီကို အချိုးကျကျပေါင်းထားတဲ့ ကန်နာဒါမှုခင်းသည်းထိတ်ရင်ဖိုလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဟာယာဂရီဗာဆိုတာကတော့ အိန္ဒိယဒဏ္ဍာရီထဲက ဗိဿနိုးနတ်ဘုရားရဲ့ လူခန္ဓာကိုယ်နဲ့ မြင်းခေါင်းရှိတဲ့ကိုယ်ပွားတစ်ပါးပဲဖြစ်ပါတယ်။အာဂျွန်ဟာယာဂရီဗာဟာ မှန်တယ်ထင်ရင် လူမရွေးဘဲဗျင်းတဲ့ အမှန်တရားဘက်တော်သား စုံထောက်တစ်ယောက်ပါ။ အာဂျွန်တာဝန်ကျနေတဲ့ မြို့လေးမှာ ထူးထူးဆန်းဆန်း လူသ-တ်မှုတွေ တခုပြီးတခုဖြစ်လာပါတယ်။ တိရစ္ဆာန် ဦးခေါင်းနဲ့ ဆက်ထားတဲ့ ခေါင်းပြဝာ်အလောင်းတွေကို တနေရာပြီးတနေရာမှာတွေ့လာရတာပါ။အာဂျွန်ဟာ အဲဒီလိုပဟေဠိဆန်ဆန် လုပ်နေတဲ့ ကွင်းဆက်လူသ-တ်သမားနဲ့ဉာဏ်ကစားရင်း တဖက်မှာလည်း ခပ်ထက်ထက်ကောင်မလေးနဲ့ မတော်တဆကျထားတဲ့ အိမ်ထောင်ရေးကို အဆင်ပြေအောင်လုပ်ရပုံတွေကို မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်...။