S4: The Bob Lazar Story FHD

S4: The Bob Lazar Story

Documentary FHD 2026-04-03 7.7 114 Min

ဒီတစ်ခါမှာတော့ လူတိုင်းစိတ်ဝင်စားကြမှာဖြစ်တဲ့ ဂြိုဟ်သားတွေနဲ့ပတ်သက်တဲ့ မှတ်တမ်းတင်ရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ထိပ်တန်းလျှို့ဝှက်ပန်းကန်ပြားပျံဓာတ်ခွဲခန်းတစ်ခုမှာလုပ်ခဲ့တဲ့ ဘော့ဘ်လဇာရှုထောင့်ကနေ ပြန်လည်သရုပ်ဖော်ထားတာဖြစ်ပါတယ်။ ၁၉၈၈ တုန်းက ဘော့ဘ်ဟာ ဧရိယာ ၅၁ အနားမှာရှိတဲ့ S4 ဆိုတဲ့ ဓာတ်ခွဲခန်းတစ်ခုမှာ အမေရိကန်အစိုးရကရှာဖွေတွေ့ရှိထားတဲ့ ပန်းကန်ပြားပျံတစ်ခုအကြောင်း ပြောင်းပြန်နည်းပညာနဲ့လေ့လာဆန်းစစ်ဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။ အစပိုင်းမှာတော့ သူဟာ အစိုးရရဲ့ ထိပ်တန်းနည်းပညာနဲ့ပြုလုပ်ထားတဲ့ စစ်တပ်သုံးနည်းပညာတွေလို့ထင်ခဲ့ပေမယ့် သေချာလေ့လာပိုင်းခြားကြည့်မှတကယ့်ဂြိုဟ်သားနည်းပညာတွေဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ နောက်ပိုင်း သူဟာ ဒီလျှို့ဝှက်ချက်ကို မထိန်းသိမ်းနိုင်တဲ့နောက် သူ့အသက်အန္တရာယ်ဖြစ်မှာကိုစိုးပြီး ဒီမှတ်တမ်းတင်ရုပ်ရှင်ကို အသံလွင့်ဌာနတစ်ခုနဲ့ပူးပေါင်းပြီးပြန်လည်တင်ဆက်ထားတာဖြစ်ပါတယ်။