Wild Nights, Tamed Beasts HD

Wild Nights, Tamed Beasts

Crime Drama Romance HD 2026-03-14 6.2 119 Min

၂၇ ကြိမ်မြောက် Shanghai international ရုပ်ရှင်ပွဲတော်မှာဆုကြီးရရှိထားပြီးတော့ ဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Regina Wanကလဲ ဒီဇာတ်ကားနဲ့ပဲ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကိုရခဲ့တဲ့ ဒရာမာရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ ယဲ့ရှောင်လင်ဆိုတဲ့ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ပေးတဲ့ အိမ်အကူတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ ယဲ့ရှောင်လင်က သက်ကြီးရွယ်အိုတွေရှိတဲ့ အိမ်ကိုအိမ်အကူအနေနဲ့ဝင်ရောက်လုပ်ကိုင်ပြီး သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကတော့အဲဒီအိမ်မှာလူသတ်မှုကျူးလွန်ဖို့ပါပဲ။သူ့ရဲ့အစီအစဉ်တွေက တိရိစ္ဆာန်ထိန်းတစ်ယောက်ဖြစ်တဲ့ မာသယ်ယုံနဲ့ တွေ့ပြီးနောက်ပိုင်းမှာတော့ ပြောင်းလဲသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကြောင့် ယဲ့ရှောင်လင်ရဲ့နဂိုဘဝဟန်ချက်တွေပျက်ပြီး သူ့ရဲ့ရာဇဝတ်မှုအစီအစဉ်တွေကလဲလွဲချော်ကုန်ပါတယ်။ တစ်ဖက်မှာလဲရဲအရာရှိ ကျိုးဖျင်ကလဲ အမှုတစ်ခုကိုစုံစမ်းရင်း သူတို့၂ယောက်ဆီကိုတိုက်တိုက်ဆိုင်ဆိုင်ရောက်လာပါတယ်။ ဒီလိုနဲ့ မတူညီတဲ့ရည်ရွယ်ချက်တွေ မတူညီတဲ့ဘဝနောက်ကြောင်းတွေနဲ့ သူတို့(၃)ယောက်ရဲ့ကံကြမ္မာတွေဟာဒီအမှုကြီးထဲမှာထူးဆန်းစွာပဲ တစ်ခုနဲ့တစ်ခုရစ်နွယ်ချည်နှောင်မိသွားကြပါတယ်