Comedy Buddy HD

Comedy Buddy

Comedy Drama HD 2026-01-08 7 127 Min

"တစ်ခါတလေကျတော့လည်း... ကိုယ့်ဘဝရဲ့ အဆိုးဝါးဆုံး စိတ်ဒဏ်ရာတွေက သူများတွေအတွက် အကောင်းဆုံး ဟာသပြက်လုံးတွေ ဖြစ်လာတတ်တယ်"တာဝါက စင်တင်ဟာသလောကမှာ အောင်မြင်ဖို့ကြိုးစားရုန်းကန်နေရတဲ့ ကောင်မလေးတစ်ယောက်ပါ။ ငယ်စဉ်ကတည်းကစွန့်ပစ်သွားခဲ့တဲ့နာမည်ကျော်ဟာသလူရွှင်တော်ဖခင်ကိုစိတ်နာပေမယ့် စင်တင်ဟာသကိုမှ ဝါသနာပါမိရင်း မိခင်ဖြစ်သူကိုကောင်းကောင်းထားနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားပေမယ့် အောင်မြင်မှုနဲ့လွဲနေဆဲတာဝါဟာ သူ့ငယ်စဉ်ဘ၀က စွန့်ပစ်သွားတဲ့ ဖခင်အကြောင်း စိတ်ဒဏ်ရာတွေကို ဟာသအဖြစ်ပြောမိချိန်မှာတော့ မထင်မှတ်ပဲ တစ်ဟုန်တိုးထပေါက်သွားပါတော့တယ်။နာမည်ကျော် တီဗွီအစီအစဉ်တွေကပါ ကမ်းလှမ်းမှုတွေရရှိလာခဲ့ချိန်မှာတော့ သူ့ဖခင်ဆီကပါ အဆက်အသွယ်ပြန်ရလာခဲ့ပြီးသူနဲ့ ပြန်ပြေလည်ချင်ကြောင်း အရိပ်အယောင်တွေပြလာတဲ့အခါမှာတော့..။ဇာတ်ကား နာမည်က Comedy Buddy ဆိုပေမယ့် ဟာသထက် မိသားစုချစ်ခြင်းမေတ္တာ၊ သူငယ်ချင်းချစ်ခြင်းမေတ္တာ ဒရာမာဘက်ကိုသွားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေအပြိုင်ကျဲထားတဲ့ ကြည်နူးနွေးထွေးစရာ Heartwarming ကားကောင်းလေးတစ်ကားဖြစ်ပါတယ်