Legend of Ling Jing FHD

Legend of Ling Jing

Drama Fantasy FHD 2026-03-25 8.3 81 Min

ဒီတစ်ခါမှာတော့ အတိတ်ဘဝနဲ့ လက်ရှိဘဝကြား ဆက်နွယ်နေတဲ့ ကံကြမ္မာအချစ်ဇာတ်လမ်းကို fantasy ဆန်ဆန် ဖော်ပြထားတဲ့ လူသားကို ချစ်တဲ့ မိစ္ဆာဆိုတဲ့ White Snake legend vibe ကိုရစေမဲ့ ရိုမန့်ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်အတိတ်ဘဝမှာ ပိုင်လင်ဟာ စစ်သူကြီးအိမ်တော်မှာ ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ကျီချင်းနဲ့ ငယ်ဘဝကတည်းကသံယောဇဉ်နက်ရှိုင်းခဲ့ကြပါတယ်နှစ်ယောက်လုံး တစ်ယောက်ကိုယ်တစ်ယောက် ချစ်မြတ်နိုးကြပေမဲ့ လူ့လောကရဲ့ စည်းမျဉ်းတွေ မိသားစုအာဏာနဲ့ ကံကြမ္မာကြောင့် အချစ်ကို လက်မခံနိုင်တဲ့ အခြေအနေထဲရောက်သွားကြတဲ့အခါအဆုံးမှာတော့ ပိုင်လင်ဟာ နာကျင်မှုတွေနဲ့ သေဆုံးသွားပြီး ကျီချင်းလည်း သူချစ်တဲ့သူကို မကယ်တင်နိုင်ခဲ့တဲ့ အပြစ်ရှိစိတ်နဲ့ ကျန်ရစ်ခဲ့ရပါတယ်နှစ်များစွာကြာပြီးတဲ့နောက် လက်ရှိဘဝမှာ ပိုင်လင်ဟာ သာမန်လူမဟုတ်ဘဲ နှစ်ထောင်ချီ ကျင့်ကြံလာတဲ့ မြွေဖြူဝိညာဉ်တစ်ကောင်ဖြစ်ပြီး လူအသွင်ယူပြီး လူ့လောကထဲ နေထိုင်နေကာ လင်ကျင်း (Ling Jing)အဖြစ် ပြန်လည်ပေါ်လာပြီး လူသားနဲ့ မိစ္ဆာကြားက လျှို့ဝှက်ဆန်းကြယ်မှုတွေထဲ ပါဝင်လာပါတော့တယ်အဲဒီအချိန်မှာ ရွှီရွှမ်းနဲ့ ဆုံတွေ့လာပြီး နှစ်ယောက်ကြားမှာ အကြောင်းမဲ့ ရင်းနှီးတဲ့ခံစားချက်တွေ ဖြစ်ပေါ်လာတဲ့အခါ…ရွှီရွှမ်းကတော့ ပိုင်လင်ရဲ့ အတိတ်ကံကြမ္မာနဲ့ ဆက်နွယ်နေတဲ့သူဖြစ်ပြီး သူမရဲ့ ဝမ်းနည်းမှုတွေ မပြီးဆုံးသေးတဲ့ သံယောဇဉ်တွေကို တဖြည်းဖြည်း သိလာရပါတယ်တစ်ဖက်မှာလည်း ကျီချင်းက ပိုင်လင်ကို မမေ့နိုင်သေးဘဲ သူမကို ပြန်ကယ်တင်ဖို့ ကြိုးစားနေပြီး အတိတ်က အချစ် အငြိုးနဲ့ ကတိတွေ ပြန်လည်ပေါ်ထွက်လာတဲ့အခါ လူသားနဲ့ မိစ္ဆာကြားက ကံကြမ္မာကြီးက သူတို့သုံးယောက်ကို ထပ်မံချိတ်ဆက်ပေးလိုက်တဲ့အခါနောက်ဆုံးမှာ ဘယ်သူက ပိုင်လင်ရဲ့ နှလုံးသားထဲမှာ ကျန်ရစ်မလဲ လူနဲ့ မိစ္ဆာကြားက တားမြစ်ထားတဲ့ အချစ်ကကံကြမ္မာကို ကျော်ဖြတ်နိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်