ဆယ်ကျော်သက်အရွယ် အထက်တန်း ကျောင်းသားလေး တစ်ယောက်ဖြစ်တဲ့ ဆူဟို (Cha Tae-Hyun) ဟာ ရုပ်ရည်ရော စာလုပ်တာရောမှာ သာမန်ဖြစ်ပေမဲ့ စိတ်ထားကောင်းပြီးကြင်နာတတ်တဲ့ ကောင်လေးတစ်ယောက်ပါ ။ တစ်နေ့မှာတော့ တစ်ကျောင်းလုံးမှာ အလှဆုံးဖြစ်တဲ့ ဆူအွန်း (Song Hye-Kyo) ဆိုတဲ့ ကောင်မလေးက ဆူဟိုကို အလယ်တန်းကတည်းက သိလာပြီး သဘောကျနေတာကြောင့်ပဲနှစ်ယောက်သား တွဲဖြစ်သွားပါတော့တယ်။ဒီလိုမျိုး တခြားကျောင်းသားတွေရဲ့ မနာလိုဝန်တိုမှုတွေ ဝန်းရံနေတဲ့ ကျောင်းမှာအလှဆုံး မိန်းကလေးနဲ့ သာမန်ကျောင်းသားလေးရဲ့ ဖြူစင်ရိုးသားပြီး လှပတဲ့ အချစ်ဦးဇာတ်လမ်းလေးမှာမထင်မှတ်ထားတဲ့အဖျက်အမှောင့် လေမုန်တိုင်းတစ်ခု တိုက်ခတ်လာတဲ့အခါမှာတော့.....အချစ်ဇာတ်လမ်းရဲ့ အဆုံးသတ်လေးက လှပနိုင်ပါ့မလားဆိုတာကို မိုးအေးအေးလေးမှာ ဆွေးရင်းငေးရင်း ကြည့်ရှုစေဖို့ တင်ဆက်ပေးလိုက်ရပါတယ်။