ကမ္ဘာကျော် စုံထောက်စာရေးဆရာကြီး Raymond Chandler ရဲ့ နာမည်ကြီးဝတ္ထုကို ပြန်လည်ရိုက်ကူးထားပြီး ၁၉၄၀ ခုနှစ်တွေရဲ့ Film Noir (မှုခင်းရုပ်ရှင်) အငွေ့အသက်တွေကိုအကောင်းဆုံး ပြန်လည်အသက်သွင်းထားတဲ့ Neo-Noir Crime Thriller ဂန္ထဝင်ကားကောင်းတစ်ကား ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ၁၉၄၁ ခုနှစ် လော့စ်အိန်ဂျလိစ်မြို့ကြီးရဲ့ အမှောင်ထုကို အခြေခံထားပါတယ်။ ဝါရင့်အလွတ်တန်းစုံထောက် Philip Marlowe ဟာ ထောင်ကလွတ်ခါစ လူမိုက်ကြီး MooseMalloy ရဲ့ ငှားရမ်းခြင်းကို ခံခဲ့ရပါတယ်။ Moose ရဲ့ တောင်းဆိုချက်ကတော့ လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ သူ့ရဲ့ချစ်သူ ကလပ်တစ်ခုက အပျော်မယ်လေး Velma ကိုရှာဖွေပေးဖို့ပါ။စုံထောက် မာလိုဟာ ဒီပျောက်ဆုံးမှုကို လိုက်လံစုံစမ်းရင်းနဲ့ မြို့ပြရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ လူသတ်မှုတွေ၊ ပြည့်တန်ဆာလောကနဲ့ လောင်းကစားဝိုင်းတွေကြားထဲကို တဖြည်းဖြည်းနက်နက်ရှိုင်းရှိုင်း ရောက်ရှိသွားပါတော့တယ်။ အဆိုးဆုံးကတော့ စုံစမ်းမှုတွေ ပြုလုပ်ရင်း သူကိုယ်တိုင် လူသတ်မှုနဲ့ပါ မတရားစွပ်စွဲဂွင်ဆင် ခံရတဲ့အခါမှာတော့... အမှန်တရားပေါ်ပေါက်ဖို့နဲ့သူ့ရဲ့အသက်ကို ကယ်တင်ဖို့အတွက် ဘယ်လိုအကွက်ကျကျ စုံစမ်းဖော်ထုတ်သွားမလဲဆိုတာကို ရိုက်ပြထားတဲ့ ဂန္တဝင်ကားကောင်းတစ်ကားပါ