Company FHD

Company

Action Crime Drama FHD 2002-04-15 6.63 156 Min

ဒီကားလေးကတော့ ဘောလီးဝုဒ်နာမည်ကျော် ရုပ်ရှင်စတားတွေကိုယ်တိုင် ပါဝင်ရိုက်ကူးထားတဲ့ မှုခင်းအက်ရှင် ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဈေးလမ်းထဲက သာမန်လူမိုက်တွေဖြစ်နေပေမဲ့ ရည်မှန်းချက်ကြီးတဲ့ ချန်ဒူ တို့အဖွဲ့ဟာ မွန်ဘိုင်းမြို့ရဲ့ အကြီးဆုံးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မာလစ်ခ်ဘာဟီ ဆီမှာ အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဂိုဏ်းစတားတစ်ယောက်လုပ်လာတဲ့ မာလစ်ခ် ကလည်း အလုပ်လုပ်ရာမှာ စေ့စပ်တိကျပြီး ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ ချန်ဒူ ကိုတခြားသူတွေထက် မျက်နှာသာပေးရင်း တဖြည်းဖြည်းညီအစ်ကိုရင်းချာပမာ ဖြစ်လာခဲ့ကြပါတယ်။ နဂိုကမှ ဂုဏ်သတင်းကြီးလှတဲ့ မာလစ်ခ်တို့ဂိုဏ်းမှာ ချန်ဒူလို အရည်ချင်းရှိတဲ့ သစ္စာခံတစ်ယောက်ရောက်လာတဲ့အခါ ကျားကိုတောင်ပံတပ်ပေးလိုက်သလို တစ်နယ်လုံးမှာ ပြိုင်စံရှားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာပါတော့တယ်။