၂၀၁၈ခုနှစ်ကရုံတင်ခဲ့ပြီး IMDb 7.8 နဲ့ Rotten Tomatoes 86% ရခဲ့တဲ့ ဇာတ်ကားကောင်းလေးကိုပြန်တင်ပေးလိုက်ပါတယ်။ ၂၀၀၄ခုနှစ်လောက်မှာ တရုတ်ပြည်မှာတကယ်ကိုလှုပ်ခတ်သွားခဲ့တဲ့လုယုံဆိုတဲ့သူရဲ့ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ထားတာပါ။ လူ့လောကမှာအဆိုးဆုံးရောဂါကဘာလဲဆိုတော့ ဆင်းရဲတဲ့ရောဂါတဲ့.....ငွေမရှိလို့သေလူတွေဖြစ်ရတော့မယ့် သွေးကင်ဆာရောဂါသည်တွေကြားမှာ ချန်ယုံကမထင်မှတ်ပဲ ကယ်တင်ရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူသွင်းပေးတဲ့ဆေးတွေက ဥပဒေအရတရားတော့မဝင်ပါဘူး ဒါပေမယ့် လူနာတွေအတွက်ကတော့ အသက်ဆက်ဖို့မျှော်လင့်ချက်အလင်းရောင်လေးပါပဲတရုတ်ပြည်တွင်းမှာ အနောက်တိုင်းဆေးကုမ္ပဏီတွေကသွင်းတဲ့ တရားဝင်ဆေးတွေကစျေးကြီးလွန်းလို့ သွေးကင်ဆာလူနာတွေက အိမ်ခြံမြေတွေရောင်းပြီးဆေးဖိုးပေးရတဲ့အထိ ဘဝပျက်ခဲ့ကြရပါတယ်။ ချန်ယုံဟာ အိန္ဒိယကနေစျေးအဆမတန်သက်သာတဲ့ဆေးတွေကို မှောင်ခိုသွင်းပြီး အသက်သာဆုံးစျေးနဲ့ပြန်ရောင်းပေးခဲ့ပါတယ်။ ချန်ယုံကလူနာတွေအတွက်ကယ်တင်ရှင်တစ်ယောက်ဖြစ်လာပေမယ့် အရင်းရှင်ဆေးကုမ္ပဏီကြီးအတွက် ဆူးတစ်ခုဖြစ်လာပြီး ဥပဒေအရ တရားဥပဒေချိုးဖောက်သူတစ်ယောက်ဖြစ်လာတဲ့အခါရဲတွေရဲ့အပြင်းအထန်စုံစမ်းဖမ်းဆီးတာကိုခံရပါတော့တယ်။ ချန်ယုံတစ်ယောက် အန္တရာယ်တွေကြားကနေလူနာတွေအတွက် ဆက်ရပ်တည်ပေးသွားမလား ကိုယ်လွတ်ရုန်းဖို့အတွက်ပဲ ရွေးချယ်ရမလားဆိုတာ ရင်နင့်စရာရွေးချယ်မှုတွေနဲ့ရင်ဆိုင်လာရပါတော့တယ်