တရုတ်ပြည်သမိုင်းမှာ သွေးမြေအကျဆုံး သုံးပြည်ထောင်ခေတ်က နာမည်ကြီး စစ်သေနာပတိ ကျူးကော့လျံခုံမင်ဟာ ဝူကျန်းလွင်ပြင်မှာ ဆုံးပါးသွားခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ သူ သတိပြန်ဝင်လာချိန်မှာ လက်ရှိမျက်မှောက်ကာလ ဂျပန်နိုင်ငံ ရှီဘူယရဲ့ ဟောလိုဝင်းညကို ရောက်နေခဲ့ပါတယ်။ သူဟာ ကမ္ဘာလောကကြီး ငြိမ်းချမ်းရေးကို လိုလားသူ ဖြစ်လာပြီး ပြည်သူအပေါင်း အေးချမ်းကြွယ်ဝစွာ နေနိုင်ဖို့ နည်းလမ်းတွေ လိုက်ရှာခဲ့ပါတယ်။ ဒီလိုနဲ့ ကမ္ဘာလောကကြီး ငြိမ်းရေးအတွက် ဂီတသာ အကောင်းဆုံးဗျူဟာဆိုတာကို သိသွားပြီး အဲအိကိုဆိုတဲ့ ဝါသနာရှင်အပျော်တမ်း အဆိုတော်လေးကို မြေတောင်မြှောက်ပေးဖို့ အစွမ်းကုန်အားထုတ်ကြိုးပမ်းပါတော့တယ်။ ခုံမင်ဟာ အဲအိကိုကို ထိပ်တန်းအဆိုပြိုင်ပွဲမှာ ပါဝင်နိုင်ပြီး အောင်ပွဲခံနိုင်ဖို့အတွက် သူ့ပြိုင်ဖက်တွေအပေါ် သူကျွမ်းကျင်တဲ့ စစ်ဗျူဟာတွေကို ဘယ်လိုတွေ ပုံပြောင်းဗျူဟာခင်းရင်းကြိုးပမ်းပေးသွားမှာလဲဆိုတာကိုတော့ .....