Maqbool FHD

Maqbool

Action Crime Drama FHD 2003-01-01 6.944 132 Min

နာမည်က မီယန်မက်ဘူး သိပ်တော်ပြီး ပါးနပ်လို့ ပါပါကြီးဆိုတဲ့ မွမ်ဘိုင်းက မာဖီယားခေါင်းဆောင်ကြီး အားအကိုးရဆုံး ညာလက်ရုံးတစ်ယောက်ပေါ့ ပါပါကြီးနားမှာ သူနေလာခဲ့တာ ၂၅ နှစ်ရှိပြီ ပါပါကြီးရဲ့အသက်ကို ကယ်ခဲ့ပေါင်းလည်းမနည်းဘူး ပါပါကြီးကလည်း သူမှသူ ဆိုပါတော့လေ ဒါပေမဲ့ သူ့မှာ လျှို့ဝှက်ချက်တစ်ခုရှိတယ် အဲဒါကတော့ ပါပါကြီးရဲ့အမြှောင်မယား နင်မီနဲ့ တိတ်တိတ်ပုန်းချစ်ကြိုက်နေတာပါပဲ မဖြစ်သင့်တဲ့အချစ်တစ်ခုရယ် ဘေးနားက မြှောက်ထိုးပင့်ကော်လုပ်တတ်သူတွေရယ်ကြောင့် စိတ်အလိုလိုက်ပြီး ထင်ရာစိုင်းမိတဲ့ မက်ဘူးတစ်ယောက် တွေ့ကြုံရတဲ့ကံကြမ္မာတွေကတော့-