Jackass Number Two FHD

Jackass Number Two

Action Comedy Documentary FHD 2006-09-22 6.577 92 Min

ကဲ စပြောရမယ်ဆိုရင်တော့ Jackass သမိုင်းပဲဗျ၊ အဓိက ဖြစ်လာစေတဲ့ ပဲ့ကိုင်ရှင်ကတော့ သရုပ်ဆောင်ဖြစ်ချင်နေတဲ့ စတန့်သမား Johnny Knoxville ပဲ သူနဲ့ တခြား ပေါက်ကရစတန့်တွေလုပ်ကြတဲ့စကိတ်သမားတွေတို့ကို တစ်စုတစ်စည်းတည်း ပေါင်းစည်းစေခဲ့ပြီး Jackass ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ ဒီ ငပိန်းတွေကို MTV ကနေ စီးရီးအဖြစ်ထုတ်ပေးခဲ့ပြီး တော်တော်ကို ပေါက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးတွေက ကြည့်ပြီးလိုက်လုပ်ကြတော့ ဆင်ဆာတွေဖြတ်ရ ဟိုဟာပိတ် ဒီဟာတားရ ဖြစ်လာတာပေါ့။ အဲဒီလိုဆို တီဗီစီးရီးကဆင်ဆာဖြတ်တာများတယ် ငါတို့ ရုပ်ရှင်အဖြစ်ထုတ်ကြမယ်ဆိုပြီး ဆော်ရာကနေ ဒီ ရုပ်ရှင်အတွဲလိုက်တွေ ဖြစ်လာတော့တာပါပဲဗျာ။ ဒီကောင်တွေ ဘာလို့ ဒီလိုအနာခံနိုင်ပြီး ဒူပေဒဏ်ပေနဲ့ဒီစတန့်တွေ ဘာလို့လုပ်ရတာလဲဆိုတော့ 90 ကာလအကျော်က စကိတ်ယဉ်ကျေးမှုမှာ အချင်းချင်းဘော်ဒါကြားထဲ ဘယ်ကောင်က ပိုသွေးရဲလဲ ဘယ်ကောင်က ပိုပြီး ရူးသွပ်လဲဆိုပြီးစိန်ခေါ်ရာကနေ ဖြစ်ပေါ်လာခဲ့တာပေါ့။ နောက်ပြီး အနုပညာလောကထဲဝင်ဖို့ ရုန်းကန်နေရတော့ နာမည်ကြီးချင် ပေါက်ချင်လို့လည်း ပါတာပေါ့လေ။ တကယ်လည်း အောင်မြင်ခဲ့ပါတယ်Johnny Knoxville ဆိုရင် အာနိုးကြီးနဲ့တောင် အတူတူသရုပ်ဆောင် ရိုက်ဖူးပါသေးတယ်။ ဒီ Jackass အဖွဲ့ကြီးက အရူးတစ်သိုက် ပေါက်ကရအနာခံပြီး လုပ်နေကြတာဆိုပေမဲ့ ခိုင်မာတဲ့သူငယ်ချင်းသံယောဇဉ်နဲ့ အတူတူ ဆေးထိုးလိုက် ဒဏ်ရာတွေရရင် ဖေးကူလိုက်နဲ့ အတူတူ ဖြတ်သန်းနေကြတဲ့ ဘော်ဒါတသိုက်ပါ။ သူတို့အဖွဲ့ဝင်တွေကတော့ ခေါင်းဆောင်လို ဖြစ်နေမယ့်Johnny Knoxville တို့ စတန့်အကြမ်းစားတွေလုပ်တတ်တဲ့ Steve-O တို့ ကိုယ့်အိမ်ကိုယ် ဆေးပြန်ထိုးတတ်တဲ့ Bam Margera တို့ ၂၀၁၁ မှာ ကား အက်စီးဒန့်နဲ့ ဆုံးသွားခဲ့တဲ့ Ryan Dunn တို့အပုလေး Wee Man နဲ့ တခြားလူတွေရောပေါ့လေ။ ရုပ်ရှင်အနေနဲ့ဆိုရင်လည်း Jackass: The Movie (2002),Jackass Number Two (2006)Jackass 3D (2010)Jackass Forever (2022) တို့အပြင် Spin-off ပုံစံမျိုး အဘိုးကြီးအဖြစ် Johnny Knoxville က မိတ်ကပ်တွေနဲ့ ပြင်ဆင်ပြီး လိုက်ဖောက်တဲ့ Jackass Presents: Bad Grandpa (2013) မျိုးလည်း ရှိပါတယ်။နောက်လဆိုရင်လည်း Jackass: Best and Last ဆိုပြီး နောက်ဆုံးရုပ်ရှင်ကား ရုံတင်ဦးမှာပဲ ဖြစ်ပါတယ်။ ကဲ ဒီတော့ ဒီ အနာခံနိုင်တဲ့ ငပိန်းကောင်တစ်သိုက် လုပ်ပြတဲ့ ပေါက်ကရစတန့်ပြကွက် အဖောက်ဟာကပြကွက်တွေနဲ့အတူ ဘဝအမောများ ပြေနိုင်ပါစေလို့ ဆုတောင်းပေးရင်း နိဂုံးချုပ်လိုက်ပါရစေဗျာ...။