အမေရိကန်လေတပ်မှူးဟောင်း Tuck Pendelton ဟာ နည်းပညာအသစ်တစ်ခုကို စမ်းသပ်ဖို့အတွက် အဏုမြူအရွယ်အစားအထိ သေးငယ်အောင် ပြုလုပ်ထားတဲ့ကမ္ဘာ့ပထမဆုံးယာဉ်ငယ်လေးနဲ့အတူ ယုန်တစ်ကောင်ထဲကို ထိုးသွင်းမယ့် စမ်းသပ်မှုမှာ ပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ ဒီနည်းပညာကို လိုချင်နေတဲ့ လူဆိုးဂိုဏ်းတွေရဲ့ ကြားဖြတ်လုယက် တိုက်ခိုက်မှုကြောင့် အခြေအနေတွေ ကမောက်ကမဖြစ်ပြီး Tuck တစ်ယောက် မတော်တဆ စိတ်လှုပ်ရှားလွယ်တဲ့ကုန်စုံဆိုင်ဝန်ထမ်း Jack Putter ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားပါတော့တယ်။ Jack ဟာ မိမိကိုယ်ထဲမှာ လူတစ်ယောက် ရောက်နေပြီး စကားတွေ လာပြောနေတာကြောင့် ရူးတော့မယ်လို့ ထင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ Tuck နဲ့ Jack တို့နှစ်ယောက် ပူးပေါင်းပြီးခန္ဓာကိုယ်ထဲက Tuck အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့နဲ့ လူဆိုးတွေကို နှိမ်နင်းဖို့ လိုက်လံရုန်းကန်ရပါတော့တယ်။ သူတို့နှစ်ယောက် ဒီခက်ခဲလှတဲ့ မစ်ရှင်ကို ဘယ်လိုအလွဲတွေနဲ့အောင်မြင်အောင် လုပ်ဆောင်သွားမလဲဆိုတာကို ရယ်မောပျော်ရွှင်ဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။