An Ordinary Case FHD

An Ordinary Case

Crime Drama FHD 2024-09-11 6.5 115 Min

ပြင်သစ်ရုပ်ရှင်လောကရဲ့ ဂန္ထဝင်မင်းသားကြီး Daniel Auteuil ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ဒါရိုက်တာအဖြစ် ရိုက်ကူးပြီး အဓိကရှေ့နေကြီးနေရာကပါ ပါဝင်သရုပ်ဆောင်ထားတဲ့ CourtroomDrama / Crime Mystery ကားကောင်းတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ကလေး ၅ ယောက်ရဲ့ ဖခင်ဖြစ်သူ Nicolas Milikဆိုတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဇနီးဖြစ်သူကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုနဲ့ တရားစွဲဆိုခြင်း ခံရပုံကနေစတင်ထားပါတယ်။ သူ့ကို ကြည့်ရတာ အေးအေးဆေးဆေးနဲ့ တကယ့်မိသားစုချစ်တတ်တဲ့ ဖခင်ကောင်းတစ်ဦး ပုံစံမျိုးပါ။ဒီအမှုမှာ ဝါရင့်တရားခံရှေ့နေကြီး Jean Monier က စွပ်စွဲခံရသူ Nicolas ဘက်ကနေ အခမဲ့ လိုက်ပါကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရှေ့နေကြီးဟာ Nicolas မှာ လူသတ်ရမယ့်အကြောင်းအရင်း (Motive) မရှိဘူးလို့ ယုံကြည်ထားပြီး သူ့ကို အပြစ်မရှိကြောင်း သက်သေပြဖို့ အစွမ်းကုန် ကြိုးစားပါတော့တယ်။ဒါပေမဲ့ ပြဿနာက အမှုက အဆင့်ဆင့် တက်လာလေလေ... သက်သေအသစ်တွေက Nicolas ကို ပိုပြီး အပြစ်ရှိကြောင်း ညွှန်ပြနေလေလေပါပဲ။ ရှေ့နေကြီးဟာ တရားလိုဘက်ကအစိုးရရှေ့နေတွေတင်မကဘဲ... တစ်ခါတရံမှာ သူကိုယ်တိုင် စိတ်ဒွိဟဖြစ်အောင် လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတတ်တဲ့ တရားခံရဲ့ စိတ်နေသဘောထားကိုပါ  ရင်ဆိုင်ပြီး အမှန်တရားကိုအဖြေရှာရပါတော့တယ်။