Propeller One-Way Night Coach HD

Propeller One-Way Night Coach

Drama Family Adventure HD 2026-05-15 5.7 60 Min

"Propeller One-Way Night Coach"ဇာတ်ကားဟာ  နာမည်ကြီးမင်းသားကြီး John Travolta ကိုယ်တိုင် ဒါရိုက်တာအဖြစ် ပထမဆုံးပုံဖော်ရိုက်ကူးပြီး ဇာတ်ညွှန်းရေး၊ ထုတ်လုပ်သူအပြင်  နောက်ခံစကားပြောသူအဖြစ်ပါ ပါဝင်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်....ဇာတ်လမ်းလေးကတော့ လေကြောင်းလောကရဲ့ ရွှေခေတ်ဖြစ်တဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေကို နောက်ခံထားထားပါတယ်။ လေယာဉ်ပျံတွေကို ရူးရူးမူးမူး ဝါသနာပါတဲ့ ဂျက်ဖ်ဆိုတဲ့ ၈ နှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့မိခင်ဖြစ်သူ ဟယ်လန်တို့ဟာ ဟောလိဝုဒ်ကို သွားဖို့အတွက်ခရီးစဉ်တစ်ခုကို စတင်ခဲ့ကြပါတယ်။ ရိုးရှင်းတဲ့ လေယာဉ်စီးခရီးစဉ်တစ်ခုကနေ လေယာဉ်ပေါ်က  အစားအသောက်တွေ၊ ချစ်စရာကောင်းတဲ့ လေယာဉ်အမှုထမ်းတွေ၊ မမျှော်လင့်ဘဲ ခေတ္တရပ်နားရတဲ့ ခရီးတစ်ထောက်တွေနဲ့  စိတ်ဝင်စားဖို့ကောင်းတဲ့ ခရီးသည်တွေကြောင့် ကောင်လေးရဲ့အနာဂတ်ကို ပြောင်းလဲစေမယ့် ဘဝမှတ်တိုင်  ခရီးစဉ်တစ်ခု ဖြစ်လာပုံကို ရိုက်ကူးထားတာပါ....ကလေးတစ်ယောက်ရဲ့ အမြင်နဲ့ လေကြောင်းလောကအပေါ်  ထားတဲ့ ရိုးသားတဲ့အချစ်ကို ဖော်ပြထားတဲ့ ချစ်စရာဇာတ်ကားလေးဖြစ်လို့ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်....