Lesbian Space Princess FHD

Lesbian Space Princess

Comedy Adventure Science Fiction Animation FHD 2025-09-11 5.433 87 Min

LGBTQ+ Community ကို ကိုယ်စားပြုထားတဲ့ ကာတွန်းရုပ်ရှင် Adult Animated / Sci-Fi Comedy ကားကောင်းတစ်ကား ဖြစ်ပါတယ်။ခေတ်သစ်လူမှုကွန်ရက် ယဉ်ကျေးမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ ခေတ်ပေါ်အသုံးအနှုန်းတွေကို Sci-Fi ကမ္ဘာနောက်ခံ သုံးပြီး ဇာတ်လမ်းထဲမှာ ခနဲ့တဲ့တဲ့ သရော်ထားတာမို့ လူငယ်တွေအကြိုက်တွေးပြီး ရယ်ရမယ့် ဟာသမျိုးတွေ ပါဝင်ပါတယ်။ဇာတ်လမ်းကတော့ စကြာဝဠာထဲက ဂြိုဟ်တစ်ခုပေါ်မှာ သုခဘုံလို လုံလုံခြုံခြုံ  ကြီးပြင်းလာခဲ့ရတဲ့ ဂြိုဟ်မင်းသမီးလေး Space Princess အကြောင်းပါ။ တစ်နေ့မှာတော့ သူမရဲ့ အေးချမ်းလှတဲ့ဘဝလေးဟာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါတော့တယ်။အကြောင်းကတော့ကြေးစားမုဆိုးဖြစ်တဲ့ သူမရဲ့ ရည်းစားဟောင်း ကောင်မလေးဟာ စကြာဝဠာရဲ့ နာမည်ကြီး လူဆိုးအုပ်စုဖြစ်တဲ့ "Straight White Maliens" ( စထရိုက်လူဖြူဂြိုဟ်သားများ )တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရလို့ပါပဲ။ မိန်းကလေးချင်း စိတ်ဝင်စားတဲ့ မင်းသမီးလေးဟာ သူမရဲ့အေးဆေးတဲ့ ဘဝထဲကနေ ရုန်းထွက်ပြီး... စကြာဝဠာအနှံ့ ခရီးနှင်ကာ ဂြိုဟ်သားဆိုးတွေရဲ့ လက်ထဲကနေ ရည်းစားဟောင်းကို ကယ်တင်ဖို့အတွက် ရယ်စရာ၊ အလွဲအချော်တွေ ပြည့်နှက်နေတဲ့ စွန့်စားခန်းကြီးကို ဆင်နွှဲရပါတော့တယ်။