Casa Grande FHD

Casa Grande

Drama Western FHD 2026-05-01 8.3 0 Min

မိသားစုနဲ့ အဝေးမှာ နေနေတဲ့ သမီးဖြစ်သူက သူ့အဖေ နေမကောင်းဖြစ်ချိန်မှာ သူတို့ရဲ့ မိသားစုပိုင် ခြံကြီးဆီ ပြန်ရောက်လာတာကနေ ဇာတ်လမ်းစထားတယ်။ ပြဿနာက သူ့အဖေမှာကုလို့မရတော့တဲ့ရောဂါဆိုးကြီး ခံစားနေရတဲ့အပြင်၊ သူတို့ရဲ့ မြေကို လိုချင်နေတဲ့ ပြိုင်ဘက်တွေကလည်း နည်းမျိုးစုံနဲ့ ဖိအားပေးလာတာတွေ ကြုံလာရတယ်။ဒီလိုနဲ့ မိသားစု နှစ်စုကြားက အားပြိုင်မှုတွေ၊ မြေယာအငြင်းပွားမှုတွေ စလာပါတော့တယ်။ အဲဒီမှာ အရင်ကတည်းက ရှိခဲ့တဲ့ မိသားစု အနာဟောင်းတွေပါ ပြန်ပေါ်လာပြီး ဒီအကျပ်အတည်းကိုဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ ဆိုတာကို ဆက်ကြည့်ရမယ့် ကားမျိုးပါ။Lou Diamond Phillips, John Pyper-Ferguson နဲ့ Madison Lawlor တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။မိသားစုတွင်း ပြဿနာတွေရယ်၊ အကျိုးစီးပွားအတွက် အားပြိုင်ကြတာတွေရယ်ကို သဘာဝကျကျနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားလို့ အေးအေးဆေးဆေး ကြည့်လို့ကောင်းမယ့်ကားလေးတစ်ကား ဖြစ်ပါတယ်။