ထရူဒီဆိုတာ ခေတ်လူငယ်တစ်ယောက်။ မြို့မှာ အလှဆုံးစာရင်းဝင်လေး။ရှေ့တန်းသွားမယ့် စစ်သားတွေနှုတ်ဆက်ပွဲ မြို့မှာ ပါတီပေးမယ်ဆိုတော့မြို့ကအလှလေး ထရူဒီကသွားချင်တယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူက ငယ်ရာကကြီးလာတဲ့လူဆိုတော့ အဲလိုမျိုးသွားဖို့ခွင့်မပြုဘူး။ဘာပြီးရင်ဘာလာမယ်ဆိုတာသိနေတာကိုး…အဲဒီနေ့မနက်ခင်းမှာ တိုက်တိုက်ဆိုင်ဆိုင် ထရူဒီကို ကြိုက်နေတဲ့နော်ဗယ်လ်က ညရုပ်ရှင်သွားကြည့်ရအောင်ဆိုပြီး ချိန်းလာခဲ့ပါတယ်။ဆိုတော့ ထရူဒီကအကြံကောင်းတချက်ဆိုပြီး နော်ဗယ်လ်ကို အကြောင်းပြုပြီးပါတီကိုခိုးသွားပါတော့တယ်။ သမီးလေးများ ဗိုင်းကောင်းကျောက်ပိနိုင်ပုံကပါတီတစ်ခါသွားတာ တရားရုံးမှာ လက်မှတ်ထိုးပြီး လင်ပါရလာခဲ့ပါတယ်။ ဒါတောင် ၁၉၄၀ ခုနှစ်မလို့။ဆိုတော့ အချစ်ကြီးသူ နော်ဗယ်လ်ခင်ဗျာ ဒါတွေကိုဖြေရှင်းရပါတော့တယ်။ဟာသနှောထားတဲ့ အချစ်ဇာတ်လမ်းလေးမလို့ ခံစားကြည့်လိုက်ကြပါခင်ဗျာ။