Blind Cop 2 HD

Blind Cop 2

Action Comedy HD 2025-07-02 8 83 Min

တစ်ချိန်က မြိုရဲ့ ရာဇဝတ်မှုတွေအကုန် ရှင်းလင်းနိုင်တဲ့ နာမည်အရမ်းကြီးတဲ့ မျက်မမြင်ရဲ က မြိုရဲ့ကယ်တင်ရှင် သူရဲကောင်းကြီးတစ်ယောက် ဖြစ်ခဲ့တယ်။ဒါပေမဲ့ သူ့ရဲ့ ပါတနာရဲဖြစ်တဲ့ Mac က ရာဇဝတ်ကောင်တွေကိုဖမ်းဆီးတဲ့ မစ်ရှင်တစ်ခုမှာ လျှိဝှက်ဆန်းကြယ် အသတ်ခံလိုက်ရပါတယ်။ အဲဒီနောက်ပိုင်းကစပြီးတော့ မျက်မမြင်ရဲက သူ့ရဲ့သူငယ်ချင်းကို ပူဆွေးတဲ့စိတ်နဲ့ အရက်ဆက်တိုက်သောက်ပြီး စိတ်ဓာတ်ကျသွားတာ သူ့ရဲ့ ရဲအလုပ်ပါ ပြုတ်တဲ့အထိ ဖြစ်သွားခဲ့တယ်။ဒါပေမဲ့ တစ်နေ့မှာတော့ မျက်မမြင်ရဲက မှောင်ခိုလက်နက်တွေ လုယက်တဲ့ရာဇဝတ်မှုတစ်ခုမှာ Mac သေဆုံးတာနဲ့ ပတ်သက်တဲ့ သဲလွန်စတစ်ခုကို တွေ့လိုက်ရပါတယ်။အဲဒီကနေ သူ့သူငယ်ချင်းရဲ့ သေဆုံးမှုအဖြစ်မှန်ကို ဖော်ထုတ်ဖိုနဲ့ လက်စားချေဖိုအတွက် မျက်မမြင်ရဲက Schmidty ဆိုတဲ့ ချာတိတ်ရဲလေးနဲ့ မတတ်သာတဲ့အဆုံး ပူးပေါင်းလိုက်ရတယ်။Schmidty က မျက်မမြင်ရဲကို အခုထိ ဟီးရိုးကြီးတစ်ယောက်အနေနဲ့ မြင်နေပြီး သူ့ကို အရမ်းလေးစားတဲ့ ပရိသတ်ဖြစ်ပြီးတော့ မျက်မမြင်ရဲနဲ့ Schmidty တို ပါတနာတွဲပြီးရာဇဝတ်ဂိုဏ်းကောင်တွေကို လိုက်စုံစမ်း ချေမှုန်းကြရင်း ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ၊ ရှုပ်ထွေးတဲ့ ရာဇဝတ်ဂိုဏ်းကြီးရဲ့ နောက်ကွက်က အမှန်တရားတွေက ဘာလဲဆိုတာကိုတော့ဒီဇာတ်လမ်းထဲမှာပဲ ဆက်ပြီး အဖြေရှာလိုက်ကြရအောင်ပါ။