Pattathu Arasan ဇာတ်ကားမှာတော့Chinnaduriရဲ့အဖိုးPottariဟာ နာမည်ကြီး Kabaddiကစားသမားတစ်ယောက်ဖြစ်ပေမဲ့ Chinnaduriကတော့ Kabaddiကစားရင်း ဖခင်ဖြစ်သူသေဆုံးခဲ့မှုကြောင့် မိခင်ဖြစ်သူက Kabaddiကစားဖို့ကို ကန့်ကွက်ခဲ့သည့်အပြင် အဖိုးဖြစ်သူမိသားစုနဲ့ပါ အဆက်အသွယ်ဖြတ်နေရသူဖြစ်ပါတယ်။ညီဝမ်းကွဲလေးChinnalahက အဖိုးPottariလို နာမည်ကြီးလူငယ်Kabaddiကစားသမားဖြစ်လာခဲ့ပြီး မျိုးရိုးသုံးဆက်တိုင် သူတို့ကိုရှုံးနိမ့်နေခဲ့တဲ့ Sagadapponမိသားစုက Chinnalahကိုအကွက်ချလုပ်ကြံခဲ့တာကြောင့် Chinnalahဟာ သူ့ရဲ့အိမ်မက်ဖြစ်တဲ့ Kabaddiကစားသမားအဖြစ်ကို စွန့်လွှတ်လိုက်ရတဲ့အပြင် ရွာမှာပါ နာမည်ပျက်သွားခဲ့တာကြောင့် ကိုယ်ကိုကိုယ်သတ်သေသွားခဲ့တယ်။ ညီဖြစ်သူသေဆုံးမှုကြောင့် Pottariမိသားစုနဲ့ Chinnaduriဟာငြိမ်းချမ်းရေးယူပြီးတော့ ရွာကိုယ်စားပြုအသင်းနဲ့ Pottariမိသားစုအသင်းဆိုပြီး Kabaddiပြိုင်ကစားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။အသက်၇၀အရွယ်ရှိPottariတစ်ယောက် သားဖြစ်သူတွေနဲ့ Kabaddiမကစားတတ်တဲ့မြေးဖြစ်သူChinnaduriတို့အဖွဲ့က ရွာကိုယ်စားပြုအသင်းကို အနိုင်ယူပြီးတော့ Sagadapponမိသားစုကို လက်စားပြန်ချေနိုင်ပါ့မလားဆိုတာကို ကြည့်ရှုကြပါအုံး။