ဂျယ်ရီနဲ့ လူစီက လင်မယားပါ။ အချစ်ရယ်လို့ဖြစ်လာရင် သဝန်တို အူတိုတာလေးတွေကကပ်ပါလာစမြဲပါ။ တော်ရုံဆိုကောင်းပေမဲ့ တကယ်တမ်း အူတိုတာကနေ အူပြတ်တဲ့အထိဖြစ်လာရင်တော့တော်တော်လေးကို ဂွကျလာပါလိမ့်မယ်။ ဇာတ်လမ်းစစချင်းမှာ ဂျယ်ရီကသူမထွက်ခဲ့တဲ့ ခရီးတစ်ခုကိုထွက်ခဲ့ပါတယ်ဆိုပြီးသက်သေပြဖို့ အသားကိုညိုအောင်လုပ်နေပါတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်လာတဲ့အခါမှာ ချစ်ဇနီးလေး လူစီက သူ့သီချင်းဆရာနဲ့ တောထဲမှာ နှစ်ယောက်တည်းကားပျက်ပြီး တစ်ညလောက်အချိန်ကုန်လာတာကို သိလိုက်ရတော့ “ရည်းစားလူလု၊ ရွှေဥကြမ်းညှပ်” ဆိုသလိုပဲ ဆွေ့ဆွေ့ခုန်ကာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ချပါတော့တယ်။ ခက်တာက လူစီကလည်း မိန်းမတို့တတ်အပ်နဲ့ ပညာရပ်ကြီး ၈၉၀ ထဲက ထိုးထွင်းသိမြင်ခြင်း အမြင်နဲ့ တချက်ကြည့်လိုက်တော့ဂျယ်ရီခရီးမသွားတာကို သိသွားပါတယ်။ ဆိုတော့ နှစ်ဦးသား ဘာမှမဟုတ်တာလေးကနေပြီးကွာကျရှင်းကျတဲ့အထိကိုဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ နင့်ကိုငါမေ့နိုင်နေပြီဆိုပြီး သက်သေပြဖို့ကြိုးစားကြရင်း…ခံစားကြည့်လိုက်ကြပါ။