The Laplace's Demon FHD

The Laplace's Demon

Action Horror Mystery Science Fiction FHD 2017-02-22 6.6 105 Min

သင်္ချာပုံသေနည်းတစ်ခုက ခင်ဗျားရဲ့အတွေး၊ ခင်ဗျားရဲ့လှုပ်ရှားမှုနဲ့ ခင်ဗျားရဲ့ကံကြမ္မာတွေကိုစက္ကန့်မလပ် ကြိုတင်တွက်ချက်ထားနိုင်တယ်ဆိုရင် ယုံနိုင်မလား? သိပ္ပံပညာရှင်တွေနဲ့သင်္ချာပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ ဒြပ်ပစ္စည်းတွေရဲ့ခံနိုင်ရည်ကို တွက်ချက်ပေးနိုင်တဲ့ဆော့ဖ်ဝဲတစ်ခုကို တီထွင်နေကြပါတယ်။ တစ်နေ့တော့ သူတို့ကို ပါမောက္ခတစ်ယောက်ကလူသူမနီးတဲ့ပင်လယ်ထဲက ကျွန်းတစ်ကျွန်းပေါ်က စံအိမ်ကြီးကို စမ်းသပ်မှုတစ်ခုအတွက်ဖိတ်ခေါ်ခဲ့ပါတယ်။ အဲ့ဒီအိမ်ကြီးထဲကိုအားလုံးရောက်သွားတဲ့အချိန်မှာတော့ သူတို့ဟာပြင်ပကမ္ဘာနဲ့လုံး၀ အဆက်အသွယ်ဖြတ်တောက်ခံလိုက်ရပြီဆိုတာကို သိလိုက်ကြရပါတော့တယ်။ ပိုပြီးကြောက်စရာကောင်းတာကတော့ အိမ်ထဲမှာရှိတဲ့ စစ်တုရင်ခုံပေါ်ကနယ်ရုပ်လေးတွေဟာ သူတို့လူဦးရေအတိုင်းအတိအကျဖြစ်ပြီး အဲ့ဒီအရုပ်လေးတွေရဲ့လှုပ်ရှားမှုဟာသူတို့တစ်ယောက်ချင်းစီရဲ့ ရှင်သန်မှု၊ သေဆုံးမှု၊ လှုပ်ရှားမှုတွေနဲ့ တစ်ထေရာတည်း တိုက်ဆိုင်နေတာကို တွေ့လိုက်ရတဲ့အခါ..။သူတို့ဟာ ကိုယ့်စိတ်ကြိုက်ရွေးချယ်လှုပ်ရှားနေကြတာလား၊ ဒါမှမဟုတ် ပေါမောက္ခရဲ့သင်္ချာပုံသေနည်းကအကွက်ချထားပြီးသားအတိုင်း ကစားနေရတဲ့ နယ်ရုပ်ကလေးတွေပဲလားရင်တမမနဲ့စောင့်ကြည့်ရတော့မှာပါ။ Rating တွေလည်း ကောင်းသလို၊ ဝေဖန်ရေးဆရာတွေလည်းသဘောကျနှစ်သက်ကြပြီး နာမည်ကျော် The Twilight Zone ထဲက episode တစ်ခုကိုရုပ်ရှင်တစ်ကားကြည့်ရသလိုမျိုးရှုစားရမှာဖြစ်ပါတယ်။