ကြည့်ရတာ ရင်ဖိုလှိုက်မောစေမယ့် ကဗျာဆန်ဆန် တမီလ်အချစ်ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေဘဝမှာ သူများတွေတံဆိပ်ကပ်တာပဲခံနေရတဲ့ ဆတ်သ်ယာဆိုတဲ့ ၂၉ နှစ်အရွယ် လူပျိုကြီးတစ်ယောက်။ အသက် ၂၀ ကျော်ပြီး ၃၀ မရောက်ခင် စပ်ကူးမပ်ကူးလို့ပြောလို့ရတဲ့အချိန်ထိဆတ်သ်ယာရဲ့ဘဝဟာ ဘာမှ ထူးထူးခြားခြားမရှိဘဲ သာမန်ထဲက သာမန်လိုဖြစ်နေခဲ့တယ်။ ဆတ်သ်ယာကလည်း ဘယ်ခေါင်းစဉ်အောက်မှာမှမနေချင်လို့ အသိုင်းအဝိုင်းထဲက ထွက်လာတဲ့လူ၊မိဘဆီကနေပါထွက်လာတဲ့သူ။ အဲဒီလို ရည်ရွယ်ချက်ပျောက်နေတဲ့ သူ့ဘဝထဲကို အရာအားလုံးပြောင်းလဲပေးမယ့် ဗီဂျီဆိုတဲ့ကောင်မလေးရောက်လာတဲ့အခါ။ ခင်မင်မှုစည်းပေါက်မှာစိုးလို့ရှေ့မတိုးရဲတဲ့ဆတ်သ်ယာနဲ့ လူအေးကြီးကို မချင့်မရဲဖြစ်နေတဲ့ ဗီဂျီတို့ရဲ့ ရင်ဖိုစရာအချစ်ဇာတ်လမ်းလေးကို မြင်တွေ့ခံစားကြရမှာပါ...။