Hanami FHD

Hanami

Drama Fantasy FHD 2025-05-15 8.2 96 Min

ဇာတ်လမ်းက ဖိုဂို (Fogo) ဆိုတဲ့ မီးတောင်ကျွန်းလေးတစ်ခုမှာ အခြေတည်ထားတာပါ။ ဇာတ်ကောင် နာနာ (Nana) ဆိုတဲ့ ကလေးမလေး မွေးပြီးသိပ်မကြာခင်မှာပဲ မိခင်ဖြစ်သူ နီယာ (Nia)က ကျန်းမာရေးနဲ့ အခြားအကြောင်းပြချက်တွေကြောင့် ကျွန်းပေါ်ကနေ ထွက်သွားခဲ့ရတယ်။ နာနာလေးက ကျွန်းပေါ်က အဒေါ်တွေ၊ အဘွားတွေရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့ရတာပေါ့။တစ်ရက်တော့ နာနာလေး အဖျားအရမ်းတက်လို့ မီးတောင်ခြေနားမှာ သွားပြီးကုသမှုခံယူရတယ်။ အဲဒီအချိန်မှာပဲ အိပ်မက်လိုလို၊ တကယ်လိုလိုနဲ့ မှော်ဆန်တဲ့ ကမ္ဘာလေးတစ်ခုထဲကိုရောက်သွားခဲ့တယ်။ နောက်ပိုင်း နာနာ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါမှာတော့ သူ့အမေ ပြန်ရောက်လာပြီး သားအမိနှစ်ယောက်ကြားက ရှုပ်ထွေးတဲ့ သံယောဇဉ်တွေ၊နားလည်မှုတွေကို ဘယ်လိုပြန်တည်ဆောက်ကြမလဲဆိုတာကို ဆက်ကြည့်ရမယ့် ကားလေးပါ။ကားတစ်ကားလုံးရဲ့ ရိုက်ချက်တွေက တကယ့်ကို ကဗျာဆန်ပြီး လှတယ်။ Magical Realism လို့ခေါ်တဲ့ မှော်ဆန်တဲ့ အငွေ့အသက်လေးတွေပါ ထည့်ရိုက်ထားတော့ အမြင်အာရုံကိုတော်တော်လေး ဆွဲဆောင်နိုင်တယ်။နာနာရဲ့ ငယ်ဘဝရော၊ ဆယ်ကျော်သက်ဘဝရော သရုပ်ဆောင်သွားတဲ့ ကလေးမလေးနှစ်ယောက်လုံး အရမ်းသဘာဝကျကျနဲ့ သရုပ်ဆောင်နိုင်ခဲ့ကြတယ်။ စကားပြောတာထက်မျက်နှာအမူအရာနဲ့ ကိုယ်ဟန်အမူအရာလေးတွေကနေတစ်ဆင့် ခံစားချက်ကို ပေးစွမ်းသွားတာပါ။မိသားစုသံယောဇဉ်၊ ခွဲခွာရခြင်း၊ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကိုယ့်ရဲ့ မွေးရပ်မြေအပေါ်ထားတဲ့ သံယောဇဉ်တွေကို သေသေချာချာလေး ပုံဖော်ပြထားပါတယ်။ဇာတ်လမ်းက နည်းနည်းလေး အေးတယ်၊ ဖြည်းဖြည်းချင်း သွားတဲ့ ကားမျိုးပါ။ ဒါပေမဲ့ ရိုက်ချက်လှလှလေးတွေနဲ့ အဓိပ္ပာယ်ရှိရှိ၊ ဇာတ်ကောင်တွေရဲ့ ခံစားချက်ကို တွေးတွေးဆဆလေးကြည့်ချင်တဲ့သူတွေ၊ ဆုရကားကောင်းလေးတွေ ရှာကြည့်နေတဲ့သူတွေဆိုရင်တော့ သေချာပေါက် သဘောကျမယ့် ရုပ်ရှင်လေးပါပဲ။