ဒဏ်ရာတွေနဲ့သတိလစ်မေ့မျောနေတဲ့ အမျိုးသမီးတစ်ယောက်ကို ဘာစီလိုနာဆိပ်ကမ်းမှာဆိပ်ကပ်ထားတဲ့ ကုန်တင်သင်္ဘောပေါ်က ကွန်တိန်နာတစ်လုံးထဲမှာ ရဲတပ်ဖွဲ့ကရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ချိန်မှာ အဲ့ဒီအမျိုးသမီးဟာ သူ့အမည်နဲ့မည်သူမည်ဝါဖြစ်ကြောင်းကိုလုံး၀ မှတ်မိခြင်းမရှိပဲ မှတ်ဉာဏ်ပျောက်ဆုံးခြင်းဝေဒနာကိုခံစားနေရတာ သိလိုက်ရပါတယ်။ဆေးရုံကုတင်ပေါ်မှာ သတိမေ့နေတဲ့ သူ့ကို လူတစ်ယောက်က လာရောက်လုပ်ကြံဖို့ကြိုးစားခဲ့ချိန်မှာတော့အခြေအနေတွေက ပိုပြီးရှုပ်ထွေးသွားခဲ့ပါတယ်။ ပိုပြီး ပဟေဠိဆန်နေတာကဒဏ်ရာတွေအထပ်ထပ်နဲ့သူဟာသူ့ကိုလာလုပ်ကြံတဲ့ အားကောင်းမောင်းသန်အမျိုးသားကို နှစ်ဦးချင်းရင်ဆိုင်တိုက်ခိုက်ပြီး သတ်ပစ်လိုက်နိုင်တာပါပဲ။ဒီအမှုကိုစုံစမ်းစစ်ဆေးဖို့ ရဲအရာရှိ အန်နာရီပေါလ်နဲ့ ကီကေးဇာရသ်တို့နှစ်ယောက်က တာဝန်ယူလိုက်ရချိန်မှာတော့အမှုနောက်ကွယ်က ကွင်းဆက်တွေဟာ ရိုးရှင်းမနေပဲကြေးစားလူသတ်သမားတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ အမှောင်လောကရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုဆီကို ဦးတည်နေတာ သိလိုက်ရပါတော့တယ်။The Marked Woman ဟာ နာမည်ကြီး စာရေးဆရာမ Rosa Montero နဲ့ Olivier Truc တို့ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံပြီး ပီပြင်စွာ ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ပထမဆုံးမိနစ်ပိုင်းကတည်းက ကွန်တိန်နာထဲက လျှို့ဝှက်ဆန်းကြယ်အမျိုးသမီးနဲ့အတူ ပုစ္ဆာတစ်ပုဒ်ကိုအစပျိုးပေးလိုက်ပြီး ဒီပုစ္ဆာရဲ့အကွေ့အကောက်အလှည့်အပြောင်းတွေမထင်မှတ်တဲ့ကွင်းဆက်တွေနဲ့အတူ အဆုံးထိ လိုက်ပါစီးမျောရမှာပါ။