Mattia ဆိုတဲ့ ကောင်မလေးက သူ့အမေ ရုတ်တရက် ဆုံးသွားပြီးတဲ့နောက်မှာ သူ့အမေရဲ့ အမြွာဖြစ်တဲ့ အဒေါ်ဖြစ်သူ Carol နဲ့ ပြောင်းနေခဲ့တယ်။Carol က မူးရူးပြီး အပျော်မက်တဲ့ စာဖိုမှူးဖြစ်ပြီးတော့ ဟင်းချက် TV အစီအစဉ်တစ်ခုကို ရိုက်လာတာလည်း ကြာပြီဖြစ်တယ်။တနေ့မှာ Mattia ကို မိသားစုစိတ်ဒဏ်ရာတွေနဲ့ ချိတ်ဆက်နေတဲ့ ယုတ်မာတဲ့အောက်လမ်းနည်းတွေကနေ ကာကွယ်ဖို့ ဆုံးသွားတဲ့ သူ့အမေ Mina ရဲ့ဝိညာဉ်က Mattia ကိုပူးပြီးကူညီပါတော့တယ်။ဒီဇာတ်လမ်းမှာ ချက်ပြုတ်တာကို ရှင်သန်ခြင်းနဲ့ သေသူတွေကြားက ကြားခံတံတားအဖြစ်နဲ့ ဖော်ပြထားပြီး ဝိညာဉ်ပူးကပ်တဲ့ ရုပ်ပိုင်းဆိုင်ရာတွေကို သဘာဝဆန်အောင် ရိုက်ကူးထားတဲ့surrealist Italian-Australian horror ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။