ရိန်းဂျားပရိုဂရမ် သင်တန်းဆင်းပြီးသွားကြတဲ့ ထိပ်တန်းရိန်းဂျားတွေဖြစ်တဲ့ Dakota နဲ့ Scotch တို့က စကြဝဠာကြီးငြိမ်းချမ်းရေးရဖို့ သူတို့ရဲ့ဆရာ ဗိုလ်ချုပ် Capp ခိုင်းတဲ့အတိုင်းမစ်ရှင်တစ်ခုကို လိုက်နာလိုက်ကြပါတယ်။ဗိုလ်ချုပ် Capp က စကြဝဠာရဲ့ ရှေးဟောင်းလျှိဝှက်ချက်တစ်ခုကို တွေ့ခဲ့ပြီး Dakota ကို ကမ္ဘာပေါ်ကို အရေးကြီးတဲ့ အချိန်ခရီးသွားနဲ့ အမြန်လွှတ်လိုက်ပါတယ်။ဒါပေမဲ့ Dakota တစ်ယောက် သူတို့စကြဝဠာအကြီးအကဲတွေရဲ့ ရည်ရွယ်ချက်တွေကို မေးခွန်းထုတ်လာတဲ့အခါမှာတော့ သူ့သူငယ်ချင်း Scotch နဲ့အတူ ခြိမ်းခြောက်မှုအသစ်တွေကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ သိပ္ပံကားတစ်ကားပဲဖြစ်ပါတယ်။