19 Hz FHD

19 Hz

Horror Science Fiction FHD 2026-04-03 5 92 Min

ကမ္ဘာကျော် ပါရမီရှင် သိပ္ပံပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ နီကိုလာ တက်စလာဟာ သူ့ရဲ့နောက်ဆုံးအချိန်တွေမှာသိပ္ပံပညာရဲ့နယ်ပယ်ကိုကျော်လွန်ပြီးသဘာ၀လွန် ဝိဉာဉ်လောကဆီရောက်ရှိဆက်သွယ်နိုင်ဖို့အတွက် လျှို့ဝှက်စွာမနားမနေကြိုးစားခဲ့ပါတယ်။ သူကိုယ်တိုင်တီထွင်ခဲ့တဲ့ ခရစ်စတယ် ရေဒီယိုကို အသုံးပြုပြီး စကြာ၀ဠာရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်စီးကြောင်းတွေ၊ ကမ္ဘာမြေရဲ့စွမ်းအင်လှိုင်းနှုန်းတွေ 4th Dimensioရဲ့တည်ရှိမှုတွေကိုရှာဖွေဖော်ထုတ်ဖို့ကြိုးစားရင်း သိပ္ပံပညာနဲ့သဘာ၀လွန်လောကကြားက ကန့်သတ်ချက်စည်းတွေကို ကျော်ဖြတ်ဖို့ကြိုးစားခဲ့ပါတယ်။သူဟာ တကယ်ပဲ နာမ်လောက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ရသလား? ဒါမှမဟုတ် စိတ်ကူးစိတ်သန်းကောင်းလွန်းတဲ့ သူ့ဦးနှောက်ရဲ့ထင်ယောင်ထင်မှားလှည့်စားချက်တွေဖြစ်မလား? ဆက်လက်ရှုစားကြည့်ပါ။ စကြာ၀ဠာအကြောင်း၊ အချိန်စီးကြောင်းတွေအကြောင်း၊ တမလွန်လောကအကြောင်း၊ Cosmic being တွေအကြောင်းစိတ်ဝင်စားသူတွေကြည့်သင့်တဲ့ ကားမျိုးဖြစ်ပြီး သီအိုရီအမျိုးမျိုး၊သဘောတရားအမျိုးမျိုးကို တိုင်ပင်ဆွေးနွေးတာ၊ ရှင်းပြသွားတာတွေ အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။