ကွန်ဖူးပရိသတ်တွေရဲ့ရှောင်လင်ကိုယ်တော်လေး Ashton Chenရဲ့ ဒါရိုက်တာအဖြစ်ရော မင်းသားအဖြစ်နဲ့ပါဖန်တီးအားထုတ်ထားတဲ့ ဒုတိယကားလေးပါ။ Fight Back to School အငွေ့အသက်တွေနဲ့ ပီပြင်တဲ့တိုက်ခိုက်ခန်းတွေ အက်ရှင်ဝေဝေဆာဆာကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်ဒီဒုတိယကားမှာတော့ ချန်ဟူဟာလူသတ်မှုတစ်ခုရဲ့လူသတ်သမားအဖြစ်ချောက်ချခံရပြီး ထောင်ထဲကိုရောက်သွားပါတယ်။ ဒါပေမယ့် သူ့ရဲ့ကံကြမ္မာကအဲဒီမှာတင်အဆုံးသတ်မသွားပါဘူး။ သူ့အသက်ဘေးကနေသီသီလေးလွတ်မြောက်လာပြီးနောက်မှာတော့ ကြောက်စရာကောင်းတဲ့ပူးပေါင်းကြံစည်ကြီးကိုစတင်ဖော်ထုတ်ပါတော့တယ်အဲဒီလိုနဲ့ ကျောင်းတော်ကြီးဆီကို အသွင်ယူစုံစမ်းစစ်ဆေးဖို့ တစ်ဖန်ပြန်ရောက်လာပြီး သူငယ်ချင်းဖြစ်တဲ့ လီသာနဲ့ ပိုင်ခယ်တို့ရဲ့အကူအညီနဲ့ သူအပြစ်မရှိကြောင်းကိုသက်သေပြဖို့ အမှုမှန်ကိုဖော်ထုတ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်